ဘီဘီလို့ လူသိများတဲ့ မင်းသား Choi Jin Hyuk ဟာ တရားမဝင်ဖွင့်လှစ်ထားသည့် ဘားမှာ အရက်သွားသောက်မိတာကြောင့် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေရပ်တန့်ပစ်ရတော့မယ်လို့သိရပါတယ်။

သူ့ရဲ့ အေဂျင်စီရဲ့ အဆိုအရတော့ ဘီဘီက သူ့သူငယ်ချင်းဖြစ်သူနဲ့အရက်သွားသောက်တာဖြစ်ပြီး ဘားက တရားမဝင်ဘူးဆိုတာကို မသိရှိကြောင်းပြန်လည်ဖြေရှင်းထားပါတယ်။

Photo - Google
Photo - Google

ဟယ်လို Choi Jin Hyuk ရဲ့ အေဂျင်စီ G-Tree Creative ကပါ။

လူတိုင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ရင်ဆိုင်ကြုံတွေနေရချိန်မှာ အခုလို ဖြစ်ရပ်မျိုးဖြစ်ခဲ့မိလို့တောင်းပန်ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့မှာ Choi Jin Hyuk က သူ့သူငယ်ချင်းဖြစ်သူနဲ့အတူ ဘားတစ်ခုသွားမိရင်း Social distancing စည်းမျဉ်းကို ချိုးဖောက်ခဲ့မိပါတယ်။ ဘားကတရားမဝင်ဖွင့်ထားတာကိုလည်း သူမသိပါဘူး။ သူ့သူငယ်ချင်းက ၁၀ နာရီထိ ဖွင့်တယ်ပြောလို့ ၁၀ နာရီထိနေလို့ရတယ်လို့ပဲထင်ခဲ့တာပါ။

ကိုရိုနာ ကာလကြီးဖြစ်နေတော့သူကအမြဲ ည ၁၀ နာရီမတိုင်ခင်အိမ်ပြန်လာဖို့ ဂရုစိုက်လေ့ရှိပါတယ်။ အခုနေရာကလည်းသူ့သူငယ်ချင်း အကြံပြုပေးလို့သွားခဲ့တာပါ။ သူအဖမ်းခံခဲ့ရတာ ည ၈ နာရီ ၂၀ အချိန်မှာပါ။ ဘားက အဆင့် ၄ social distancing စည်းမျဉ်းနဲ့တားမြစ်ထားတဲ့နေရာ ဖြစ်နေတာပါ။

Social distancing စည်းမျဉ်းတွေကို သေချာမစစ်ဆေးမိလို့ ကျွန်တော်တို့တောင်းပန်ပါတယ်။ မင်းသား Choi Jin Hyuk အနေနဲ့လည်း ထပ်တူညီတဲ့အမှားမျိုးတွေ လုပ်မှာမဟုတ်တော့ပါဘူး။ အေဂျင်စီအနေနဲ့လည်း ကိုယ့်အနုပညာရှင်တွေအတွက် ပိုပြီးသေချာလေးကြိုးစားသွားမှာပါ။လက်ရှိမှာတော့ Choi Jin Hyuk ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကိုရပ်တန့်သွားမှာပါ။ ကျွန်တော်တို့ ထပ်ပြီးတောင်းပန်ပါတယ်။

— G-Tree Creative

Photo - Google

မင်းသား Choi Jin Hyuk ဟာအောက်တိုဘာလ ၆ ရက်နေ့ တောင်ကိုရီးယားစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ကူးစက်ရောဂါတားဆီးကာကွယ်ရေး ဥပဒေနဲ့ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး  သူသွားခဲ့တဲ့ ဘားက အဆင့် ၄ social distancing စည်းမျဉ်းများနှင့်အညီ လုံးဝကိုတားမြစ်ထားတဲ့ ဘားဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။