အလှပြင်တဲ့နေရာမှာ အရမ်းကိုတော်ပြီး မိန်းကလေးတိုင်းကို အရုပ်မလေးတွေအလား ပြင်ဆင်ပေးတတ်တဲ့ အလှဖန်တီးရှင်မေဦးဟာ အခုဆိုရင်လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူဖြစ်ပါတယ်။ မေဦးဟာ LGBT တစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်ရသူဖြစ်တဲ့ ဟန်လင်းနဲ့အတူတူ ဖေဖော်ဝါရီလထဲက ပြည်သူတွေဘက်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

အရာရာပြည့်စုံနေတဲ့ဘဝလေးနဲ့ တစ်ဘဝလုံး အေးအေးချမ်းချမ်းနေရင်နေလို့ရတဲ့ ပညာတွေလည်းရှိတဲ့ မေဦး ဟာ တိုင်းပြည်အတွက် မိမိကိုယ်ကျိုးမငဲ့ဘဲ တောထဲတောင်ထဲကနေခက်ခက်ခဲခဲနဲ့ ပြည်သူတွေဘက်ကနေရပ်တည်ပေးရင်း အိမ်ကိုသတိရကြောင်းစာလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားတာပါ။

Photo - May Oo's Facebook 

စာလေးကတိုပေမယ့် အဓိပ္ပါယ်တွေအများကြီး ပါဝင်တဲ့စာလေးပါ။ စာလေးထဲမှာ “အချိန်တန်ရင် အိမ်ပြန်မယ်လို့ဆုံးဖြတ်ထားတာ ကိုယ်တစ်ယောက်တည်းလား” လို့ရေးထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင်သူ့ရဲ့ ပရိသတ်လေးတွေကိုလည်း “အိမ်ကိုလွမ်းတဲ့စိတ်က အချိန်တိုင်းပဲ” လို့ ပြန်လည်ဖြေထားပါတယ်။

Photo - May Oo's Facebook 

ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အလှဖန်တီးရှင်မေဦးဟာလည်း ရည်မှန်းချက်တွေ ပြည့်ဝပြီး ပြန်လာတဲ့အချိန်ကြရင် အရင်ကထက် အများကြီးပိုအားပေးရမယ့် အနုပညာရှင်တွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။