Squid Game ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် Jung Ho Yeon ဟာဆိုရင် Louis Vuitton ရဲ့ global ambassador အသစ်အဖြစ် ရွေးချယ်ခြင်းခံလိုက်ရပါပြီ။

Photo - Google 

သူမဟာ Squid Game ဇာတ်လမ်းနှင့် ပွဲဦးမထွက်လာခင်တုန်း ကတည်းက  Louis Vuitton ရဲ့  ၂၀၁၇ ခုနှစ် spring-summer collection  နှင့် ၂၀၁၇ ခုနှစ် pre-fall collection ကမ်းပိန်းတို့အတွက် မော်ဒယ်ရှိုး လမ်းလျှောက်ပွဲတွေမှာ ပါဝင်ဖူးပါတယ်။

Photo - Google 

Jing Ho Yeon က သူမ မော်ဒယ်အဖြစ်လက်တွဲ အလုပ်လုပ်ဖူးတဲ့ Louis Vuitton မှာ အခုလိုမျိုး သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ခွင့်ရတာ အရမ်းကိုဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ဆက်လက်ပြီး Louis Vuitton ရဲ့ Global Ambassador တစ်ယောက်အဖြစ်အတွေ့အကြုံတွေယူသွားဖို့ မျှော်လင့်နေကြောင်း ပြောထားပါတယ်။

Photo - Google 
Photo - Google 

Louis Vuitton ရဲ့ creative director ဖြစ်တဲ့ Nicolas Ghequiere ကလည်း သူဟာ Ho Yeon ရဲ့ ထက်မြတ်တဲ့စွမ်းရည်နဲ့ ဆွဲဆောင်မှုရှိရှိမိမိုက်နေတဲ့ပုံစံလေးကို စမြင်ကတည်းကကြွေသွားခဲ့တာဖြစ်ကြောင်း အဲဒီ အချိန်လေးကိုပြန် သတိရမိကြောင်း Ho Yeon နဲ့ ဆက်လက်လက်တွဲသွားမယ့် Louis Vuitton ရဲ့ခရီးလမ်းအသစ်အတွက်လည်း စိတ်လှုပ်ရှားနေကြောင်းပြောထားပါတယ်။

Photo - Google 

Jung Ho Yeon ဟာ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ရှိုးပွဲတွေမှာ ပါဝင်ဖူးတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး မကြာသေးမီကမှ “Squid Game” ဇာတ်လမ်းတွဲမှာပါဝင်ရင် သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကြီးလာတဲ့ကောင်မလေးဖြစ်ပါတယ်။ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ကောင်မလေးရေ …

Photo - Google 
Photo - Google 
Photo - Google 
Photo - Google 
Photo - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။