ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိသားစုဝင်တွေအတွက် ရည်စူးပြီး ဘုရားမှာ အလှူဒါနတွေပြုလုပ်ခဲ့ကြောင်းကို အဆိုတော်ဗီဗာဟိန်းမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။ 

Photo - Viva Hein's Facebook

သူမရဲ့မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၄ ရက်နေ့တုန်းက ဘုရားမှာ ရွှေသက္ကန်းကပ် ၊ ပန်း ၊ ဆီမီး အမွှေးတိုင် နှင့် ရေချမ်းကပ်လှူပူဇော်ခဲ့ပြီး ဆန်လှူအသင်းမှာလည်း မိသားစုဝင်တွေအတွက်ရည်စူးပြီး ကုသိုလ်ပြုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့တိုင်း အတူတူရှိနေပေးခဲ့ပေမယ့် ဒီတစ်ခေါက်မွေးနေ့မှာတော့ မိသားစုဝင်တွေအားလုံး မရှိ နိုင်တော့တာကြောင့် စိတ်မကောင်းကြောင်းပြောထားပါတယ်။

Photo - Viva Hein's Facebook
Photo - Viva Hein's Facebook

“မနေ့ကဗီဗာ့မွေးနေ့ဘုရားသွားရွှေသက္ကန်းကပ်၊ပန်း၊ဆီမီးအမွှေးတိုင်ရေချမ်းကပ်လှူပူဇော်ပြီးဆန်လှူအသင်းမှာဖေကြီနဲ့မေကြီးနဲ့ကိုကြီးတို့အတွက်ရည်စူး၍လှူဒါန်းခဲ့ပါတယ်ဤကုသိုလ်ထပ်တူထပ်မျှရကြပါစေအမျှအမျှအမျှယူတော်မူပါဖေကြီးနဲ့မေကြီးနဲ့ကိုကြီးရေ သာဓု သာဓုသာဓု သမီးမွေးနေ့တိုင်းအနားမှာအမြဲရှိပေးတဲ့ဖေကြီးနဲ့မေကြီးနဲ့ကိုကြီးရယ်ခုတော့သမီးနားမှာမရှိတော့ဘူး”

Photo - Viva Hein's Facebook

အဆိုတော် ဗီဗာဟိန်းဟာ သူမရဲ့မွေးနေ့မှာ ချစ်ရသူနဲ့အတူတူ pre-wedding ဓာတ်ပုံလေးတွေလည်း ရိုက်ခဲ့ပါသေးတယ်။

Photo - Photo - Aroma

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။