Whistler မှအမျိုးသမီးတစ်ယောက်သည် ဝက်ဝံများကိုအစာကျွေးရာမှ ဗြိတိသျှကိုလံဘီယာရှိ တောရိုင်းတိရိစ္ဆာန်အက်ဥပဒေကိုချိုးဖောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၆ သောင်းပေးဆောင်ဖို့ဒဏ်ရိုက်ခံခဲ့ရပါတယ်။
သားရဲနှင့် တောရိုင်းတိရစ္ဆာန်ပဋိပက္ခကာကွယ်မှုကို အဓိကထားသော လူထုလုံခြုံရေးအေဂျင်စီထံ အမျိုးသမီး တစ်ယောက် ဝက်ဝံမဲတွေကို အစာကျွေးခဲ့ကြောင်း တိုင်ကြားစာတစ်စောင် ရရှိခဲ့တာကနေအစပြုခဲ့တာပါ။
သက်ဆိုင်ရာအရာရှိများမှစုံစမ်းစစ်ဆေးရာ အဆိုပါအမျိုးသမီးသည်း ၂၀၁၈ ခုနှစ် နွေရာသီတုန်းက ဝက်ဝံမဲတွေကို အစာကျွေးခဲ့ကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ အပတ်စဉ်တိုင်း အဆိုပါအမျိုးသမီး ဝက်ဝံမဲတွေကိုအစာကျွေးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ပန်းသီး ၁၀ ထုပ်၊ မုန်လာဥ ၅၀ ပေါင်နှင့်ကြက်ဥ ၁၅ ဒါဇင်အထိများပြားလာလှသောအစာများကို ဝက်ဝံများအားကျွေးမွေးရန် ဝယ်ယူခဲ့ကြောင်းထိန်းသိမ်းရေးအရာရှိကသောကြာနေ့မှာ ပြောကြားခဲ့ပါတယ် ဒီလုပ်ဆောင်ချက်တွေက ဝက်ဝံရိုင်းတွေ လူသားတွေအပေါ် အန္တရာယ် ပြုနိုင်လာစေတဲ့ အရဲစွန့်လွန်းရာကျတဲ့လုပ်ရပ်ဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်စက်တင်ဘာလမှာလည်း တောရိုင်းတိရစ္ဆာန်အရာရှိတွေက လူနေရပ်ကွက်ကို လာရောက်လည်ပတ်ကြတဲ့ ဝက်ဝံသုံးကောင်ကိုပစ်သတ်ခဲ့ဖူးပါတယ်။ ဝက်ဝံရိုင်းတွေက လူတွေရဲ့ ပစ္စည်းဥစ္စာတွေဖျက်ဆီးပြီး လူလည်းလုံးဝ မကြောက်ဘူးလို့အရာရှိတွေကပြောပါတယ်။အကြောင်းအရင်းမှာ အဆိုပါအမျိုးသမီးက အပတ်တိုင်းအစာကျွေးနေသောကြောင့် ဖြစ်တယ်လို့သိရပါတယ်။
“ဝက်ဝံကဲ့သို့သောတောရိုင်းတိရစ္ဆာန်များနှင့် ရင်းနှီးစေရန် တရားမဝင်အစာကျွေးခြင်း (သို့) ရင်းနှီးအောင်လုပ်ခြင်းသည် အလွန်အန္တရာယ်များသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်” ဟုထိန်းသိမ်းရေးအရာရှိ ဝန်ထမ်း Simon Gravel က Facebook တွင်ပြောကြားခဲ့သည်။ “ဝက်ဝံများသည်လူသားများအား အစားအစာကြောင့် ပေါင်းသင်းရန်သင်ယူနိုင်လိုက်သည်နှင့်တစ်ပြိုင်တည်း လူထုဘေးအန္တရာယ်တွေဖြစ်စေနိုင်ကြောင်း” ဆိုထားပါတယ်။
ဒေါ်လာ ၆၀၀၀၀ ပြစ်ဒဏ်သည်တောရိုင်းတိရစ္ဆာန်ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်ဟုတာဝန်ရှိသူများကပြောသည်။ အာဏာပိုင်များကတော့ အဆိုပါဖြစ်စဉ်ကို “ ကြိုတင်ချမှတ်သောအမှုဖြစ်ဖို့” ဟုမျှော်လင့်ထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။