အမေရိကန်နိုင်ငံသားအဆိုတော်၊ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Lane Terzieff ဟာဆိုရင် မြန်မာပြည်ရဲ့ခက်ခဲနေတဲ့ကာလတွေမှာ အမြဲတမ်းလိုလိုပြည်သူတွေနဲ့တစ်သားတည်းရှိပေးခဲ့တဲ့သူပါ။ အခုလက်ရှိအချိန်ထိလည်း မြန်မာ ၊ ထိုင်းနယ်စပ်မှာ နေ့တိုင်းလိုလို အလှူအတန်းတွေပြုပေးနေတဲ့သူဖြစ်ပါတယ်။

Photo - Lane Terzieff's Facebook Page 
Photo - Lane Terzieff's Facebook Page 

Lane Terzieff ဟာ မြန်မာပြည်ကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့အမြဲတမ်းတစ်သားတည်း ဖြစ်အောင်နေတတ်တဲ့သူပါ။ တိုင်းပြည်အခြေအနေတွေမကောင်းတဲ့အချိန်မှာတောင်သူ့နိုင်ငံကိုမပြန်သွားဘဲ မြန်မာလူမျိုးတွေနဲ့အတူတူ ဆက်လက်ပြီး ရပ်တည်ပေးခဲ့တာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ အကြောင်းအရာတွေကသက်သေပြပေးနေပါတယ်။

Photo - Lane Terzieff's Facebook Page 
Photo - Lane Terzieff's Facebook Page 

ဒီကနေ့မှာလည်း သူ့ရဲ့လူမှုစာမျက်နှာမှာ အလှူအတန်းပြုနေတဲ့ ပုံလေးကို တင်ပေးထားပါတယ်။ Lane Terzieff အလှူအတန်း ပြုလုပ်နေတဲ့ပုံလေးတွေကို တစ်ခါတည်းဖော်ပြပေးလိုက်ပါတယ်နော် .. ။

Photo - Lane Terzieff's Facebook Page 
Photo - Lane Terzieff's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။