Forbes Korea ကနေ မဲ ဖြင့်ရွေးချယ်မှုများအရ ၂၀၂၁ ခုနှစ်ရဲ့ အလှဆုံးရုပ်ထွက်လေးတွေ ပိုင်ဆိုင်ထားတဲ့ Top Visual Queen And King Of K-pop Industry စာရင်းကိုဒီကနေ့မှာ ကြေညာပေးလိုက်ပါပြီ။ ကြေညာထားတဲ့ စာရင်းထဲကမှ နံပါတ် လေး နေရာအထိ လှပတဲ့မျက်နှာကျတွေပိုင်ဆိုင်ထားတဲ့သူတွေကို အစဉ်လိုက်လေးဖော်ပြပေးသွားပါမယ်နော်။

No 1: Female Idol -> Dreamcatcher’s Jiu

lovekpop95

အိုင်ဒေါလ်မိန်းကလေးတွေ ထဲမှာ နံပါတ်တစ်နေရာအဖြစ် Dreamcatcher မှ Jiu ကရပ်တည်နေပြီး သူမရရှိတဲ့စုစုပေါင်းမဲ အရေအတွက်က 22,127 votes (45.83%) ဖြစ်ပါတယ်။ Jiu ကပရိသတ်တွေရဲ့အချစ်ကို သူမရဲ့တောက်ပတဲ့မျက်လုံးလေး ၊ နှင်းဆီဖူးလေးနဲ့တူတဲ့ နှုတ်ခမ်းလေးနဲ့ ၊ သွယ်လျတဲ့ မျက်နှာကျပုံစံလေးနဲ့ဖမ်းစားနိုင်တဲ့ ကောင်မလေးဖြစ်ပါတယ်။

No1: Male Idol -> BTS’s Jin

lovekpop95

BTS အဖွဲ့ဝင် Jin ကတော့ “Visual King” ဆိုတဲ့ခေါင်းစဉ်ကိုဆက်လက်ထိန်းထားလိုက်နိုင်ပါတယ်။ သူကအမျိုးသားအိုင်ဒေါလ်တွေထဲမှာ နံပါတ်တစ် နေရာရပ်တည်နေတဲ့သူဖြစ်ပြီး “God of beauty” လို့တင်စားခြင်းခံထားရတဲ့သူပါ။ သူ့မှာ ပြည့်စုံတဲ့မျက်နှာကျပုံစံ၊ လှပတဲ့နှုတ်ခမ်း၊ဆွဲဆောင်မှုရှိတဲ့မေးရိုး၊ သွယ်လျတဲ့နှာခေါင်း စတဲ့အလှတရားတွေရှိနေတဲ့သူပါ။

No 2: Female Idol -> Twice’s Nayeon

lovekpop95

အရုပ်မမျက်နှာလေးနဲ့ Twice အဖွဲ့ဝင် Nayeon ကတော့ အမျိုးသမီးအိုင်ဒေါလ်တွေကြားမှာ ဒုတိယနေရာရရှိသွားတဲ့သူပါ။ သူမရဲ့ ငယ်ရွယ်တဲ့မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးကြောင့် လူကြိုက်များကြပါတယ်။

No2: Male Idol -> ASTRO’s Eunwoo

lovekpop95

ယောကျာ်းလေးအိုင်ဒေါလ်အဖွဲ့ဝင်တွေထဲမှာ ဒုတိယနေရာရရှိတဲ့သူကတော့ ASTRO အဖွဲ့ဝင် Eunwoo ပဲဖြစ်ပါတယ်။ သူကလည်း ပြီးပြည့်စုံတဲ့မျက်နှာကျလေးနဲ့ ပျူငှာဖော်ရွေတဲ့ ပုံစံလေးကြောင့် လူကြိုက်များတဲ့ကောင်လေးပါ။

No 3: Female Idol -> BLACKPINK’s Jennie

lovekpop95

BLACKPINK ရဲ့ Jennie ကတော့ လက်ရှိမှာလူကြိုက်အများဆုံး အမျိုးသမီးအိုင်ဒေါလ်တစ်ယောက်ပါ။ ဒါပေမယ့် Forbes Korea မှာတော့ သူမက နံပါတ် သုံး နေရာကိုရောက်ရှိသွားပါတယ်။ Jennie ကလည်း နှုတ်ခမ်းထူထူလေး ၊ ချစ်ဖို့ကောင်းတဲ့နှာတံလေးနဲ့ ကြီးမားတဲ့မျက်လုံးတွေရှိတဲ့ကောင်မလေးပါ။

No3: Male Idol -> EXO’s Suho

lovekpop95

အမျိုးသားအိုင်ဒေါလ်စာရင်းမှာ နံပါတ်သုံးနေရာရရှိသွားတဲ့သူကတော့ EXO အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ Suho ပဲဖြစ်ပါတယ်။ Suho ရဲ့ ကျက်သရေရှိလှတဲ့မျက်နှာကျ ပုံစံလေးနဲ့ ကြောင်လေးနဲ့တူတဲ့မျက်လုံးလေးကလည်း အရမ်းကိုဆွဲဆောင်မှုရှိတာကြောင့်သူ့ရဲ့ Visual လေးကလည်းလူကြိုက်အရမ်းများပါတယ်။

No 4: Female Idol -> Red Velvet ‘s Joy

lovekpop95

အမျိုးသမီး အိုင်ဒေါလ်တွေထဲမှာ နံပါတ် လေး နေရာမှာရပ်တည်နေတဲ့သူကတော့ Red Velvet က Joy ပဲဖြစ်ပါတယ်။ သူမရဲ့အပြုံးလေးတွေက အရမ်းကိုလှပြီး မျက်လုံးလေးကလည်းဆွဲဆောင်မှုရှိလွန်းတာကြောင့် မျက်လုံးချင်း ဆုံမိရင်တောင် ရင်ခုန်သွားစေမယ့်ကောင်မလေးပါ။

No4: Male Idol ->Stray Kid’s Lee Know

Photo - lovekpop95

အမျိုးသာအိုင်ဒေါလ်ထဲကနံပါတ် လေး နေရာမှာ ရပ်တည်နေတဲ့သူကတော့ Stray Kids ထဲက Lee Know ပဲဖြစ်ပါတယ်။ Lee Know ကလည်းဆွဲဆောင်မှုရှိပြီး ညို့ယူဖမ်းစားနိုင်တဲ့အကြည့်တွေကြောင့် အရမ်းကိုလူကြိုက်များတဲ့ ကောင်လေးပါ။

Top Visual Queen And King Of K-pop Industry of Forbes Korea စာရင်းမှာပါဝင်လာတဲ့ ကိုယ်ပိုင်စတိုင်နဲ့ဆွဲဆောင်မှုရှိနေတဲ့ ကိုရီးယားအိုင်လ်ဒေါတွေအတွက်အရမ်းကိုဂုဏ်ယူပါတယ်။ အားလုံးပဲကိုယ်အားပေးနေတဲ့ အိုင်ဒေါလ် တွေရောပါကြရဲ့လား ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။