တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး Goo Hye Sun နှင့် မင်းသား Ahn Jae Hyun တို့ဟာ တစ်ချိန်တစ်ခါကလူတိုင်းအားကျခဲ့ရတဲ့ စုံတွဲလေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် လက်ထပ်ပြီး ၃ နှစ်အကြာမှာတော့ စိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့် နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြပါတယ်။

Photo - Google 
Photo - Google 

မကြာသေးမီကသတင်းတွေအရ ကွာရှင်းထားတာ ၂ နှစ်ကျော်ရှိနေပေမယ့် Ahn Jae Hyun က ယောက္ခမဟောင်းတွေရဲ့အချစ်တော် သားမတ်ဟောင်းလေးဖြစ်နေသေးတယ်လို့သိရပါတယ်။

Photo - Google 

Ahn Jae Hyun က သူ့အရင်ယောက္ခမတွေဆီကို တောင်ကိုရီးယားရိုးရာအားလပ်ရက်တွေတိုင်းမှာ ဆေးတွေနဲ့ ကိတ်မုန့်တွေအမြဲပို့ပေးလေ့ရှိပြီး ယောက္ခမဟောင်းနဲ့ဆက်ဆံရေးပြေလည်လျှက်ရှိတယ်လို့သိရပါတယ်။

Photo - Google 

Goo Hye Sun နှင့်  Ahn Jae Hyun တို့ဟာ KBS2 ဒရမ်မာ “Blood” နဲ့ ခင်မင်ရင်းနှီးလာတဲ့သူတွေဖြစ်ကြပြီး ၂၀၁၆ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ ၂၀၁၉ ခုနှစ်မှာတော့နှစ်ဦးနှစ်ဖက်ကွာရှင်းခဲ့ကြပါတယ်။ လက်ရှိမှာတော့ Goo Hye Sun ကသူမမှာချစ်သူအသစ်ရှိနေပြီလို့ တရားဝင်ကြေညာထားပါတယ်။

Photo - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။