ကိုဗစ်ရောဂါရဲ့ရိုက်ခတ်မှုဒဏ်ကိုအများကြီးခံစားခဲ့ရတဲ့ အဆိုတော် ဗီဗာဟိန်းဟာ အခုဆိုရင်ချစ်ရသူနဲ့အတူတူ pre-wedding ဓာတ်ပုံရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်အကြိုဓာတ်ပုံလေးများကိုဒီနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံလေးတွေကအရမ်းချစ်ဖို့ကောင်းလို့ သူမရဲ့ပရိသတ်တွေက လိုက်ဖက်ကြောင်းဂုဏ်ယူကြောင်းစာလေးတွေရေးပေးခဲ့ကြပါတယ်။ဒီနေ့မှာဆိုရင် ဗီဗာဟိန်းရဲ့အသက်က ၃၁ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

Photo - Aroma 

 ဗီဗာဟိန်းဟာအဆိုတော်ဗိုလ်ဟိန်းရဲ့ သမီးဖြစ်ပြီး သူမရဲ့ ဖခင်ဗိုလ်ဟိန်းအပါအဝင် မိသားစုဝင်အားလုံးဟာ ကိုဗစ်ရောဂါရဲ့ခေါ်ဆောင်သွားမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

Photo - Aroma 

မိသားစုဝင်တွေအားလုံးမရှိတော့တာကြောင့် သူမအတွက် ပရိသတ်တွေကအများကြီးစိုးရိမ်ခဲ့ကြပေမယ့် အခုလိုလက်တွဲဖော်ရှိသွားလို့ စိုးရိမ်မှုလေးတွေနည်းနည်းတော့လျော့သွားကြမှာပါ။ အဆိုတော် ဗီဗာဟိန်းရဲ့ချစ်ဖို့ကောင်းတဲ့ Pre-wedding ဓာတ်ပုံလေးတွေကို ဝင်ရောက်ကြည့်ရှုပေးသွားကြပါဦးနော်။ 

Photo - Aroma 
Photo - Aroma 
Photo - Aroma 
Photo - Aroma 
Photo - Aroma 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။