Miss Universe Myanmar 2020 (Winner) ဆုရှင် အလှမယ်သူဇာဝင့်လွင်ဟာ လန်ဒန်မှာရှိတဲ့အေဂျင်စီတစ်ခုနဲ့လက်တွဲအလုပ်လုပ်ဖို့ တစ်နှစ်စာစာချုပ်ချုပ်ဆိုထားပြီး စာချုပ်ပြည့်သွားရင် အမိမြန်မာနိုင်ငံကိုပြန်လာပြီး မိသားစုနဲ့အတူတူနေခွင့်ရချင်တယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်အထိ ဘယ်နိုင်ငံမှာမှ နိုင်ငံသားခိုလှုံခွင့်တောင်းဆိုမထားကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ထားပါတယ်။

Photo - Thuzar Wint Lwin's Facebook page

ကိုယ်ဝါသနာပါရာအနုပညာအလုပ်တွေကို ပျော်ရွှင်စွာလုပ်နေရမယ့်အချိန်မှာ ရှောင်ပုန်းနေကြရတဲ့ သူ့အစ်မဖြစ်သူအပါအဝင်အခြားအနုပညာရှင်များ နှင့်  ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်များအားလုံးကို အမြန်ဆုံးပြန်လည်လွတ်မြောက်စေချင်ကြောင်းကိုလည်း ရေးသားထားပါသေးတယ်။

Photo - Thuzar Wint Lwin's Facebook page
Photo - Thuzar Wint Lwin's Facebook page

အလှမယ်သူဇာဝင့်လွင်ဟာ အခက်အခဲတွေကြားထဲကနေ Miss Universe 2020 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့သူဖြစ်ပြီး အခုအချိန်မှာလည်း လန်ဒန်ရောက်မြန်မာမိသားစုတွေကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေကောက်ခံတဲ့နေရာမှာ ပါဝင်ကူညီအားဖြည့်လျှက်ရှိပါတယ်။ ရန်ပုံငွေပွဲတော်မှာ မြန်မာလူမျိုးတွေနဲ့တွေ့ဆုံပြီး မြန်မာပြည်ကအစားအစာတွေကို မြည်းစမ်းခွင့်ရခဲ့တာကြောင့် မြန်မာပြည်ကိုအရမ်းလွမ်းမိကြောင်းသူမရဲ့လူမှုစာမျက်နှာမှာရေးတင်ထားပါတယ်။

Photo - Thuzar Wint Lwin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။