လူအများစုက သစ်ပင်၊စားပင်၊သီးပင်တွေကို မြေကြီးရှိတဲ့ခြံတွေမှာပဲစိုက်လို့ရမယ်။ တိုက်ခန်းတွေနဲ့ဆို စိုက်လို့မရဘူးလို့ တော်တော်များများထင်မှတ်ထားကြတာပါ။ဒါပေမယ့် ထိုင်းနိုင်ငံက Pearypie အမည်ရှိလူမှုကွန်ရက်စာမျက်နှာနှင့် ဆယ်လီအမျိုးသမီးတစ်ယောက်ကတော့ သီးပင်စားပင်တွေကိုတိုက်ခန်းပေါ်မှာစိုက်ရင်း အောင်မြင်မှုရလာတာကိုလူအများကိုချပြလိုက်ပါတယ်။သူမရဲ့တိုက်ခန်းခေါင်မိုးပေါ်ကစိုက်ခင်းကို Sky Garden (ကောင်းကင်ဥယျာဉ်) လို့နာမည်ပေးထားပါတယ်။

Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page

သူမစိုက်ပျိုးထားတဲ့အပင်တွေထဲမှာ သခွားသီး၊ ရုံးပတီသီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး ၊ ဘူးသီး၊ကိုက်လန်၊မုန့်ညှင်းထုတ်၊ကန်စွန်းရွတ်စသည့်သီးပင်စားပင်မျိုးစုံအပြင်   ပန်းပင်တွေပါစိုက်ပျိုးထားတယ်လို့သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးထားပါတယ်။

ဖြစ်ထွန်းလာတဲ့သီးနှံတွေကိုပါ လက်တွေ့စားပြနေတဲ့ပုံလေးကိုတင်ထားတာကြောင့် လူအများရဲ့စိတ်ဝင်စားမှုတွေလည်း အရမ်းကိုမြင့်တတ်လျှက်ရှိပါတယ်။ “အပင်လေးတွေက သန်လိုက်တာနော် ။ သီးနှံတွေကလည်းလတ်ဆက်နေတာပဲ။ ငါတို့အိမ်မှာလည်းလိုက်စိုက်ရမယ်။” စသည်ဖြင့် မှတ်ချက်တွေအများကြီးရရှိထားပါတယ်။

Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page

တိုက်ခန်းနဲ့နေသူတွေအထူးသဖြင့် အပေါ်ဆုံးထပ်မှာနေတဲ့သူတွေအတွက်အပင်စိုက်ဖို့ အတွေးအမြင်အသစ်လေးတွေရရှိသွားစေတဲ့စိုက်ပျိုးနည်းလေးပါ။ ဒီထဲမှာလည်းအပင်စိုက်ချင်ပေမယ့် တိုက်ခန်းနဲ့နေနေရလို့မစိုက်နိုင်တဲ့သူတွေရှိရင် သူမလိုပဲကြိုးစားပြီးစိုက်ကြည့်ဖို့အကြံပြုပါရစေနော်။

Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page
Photo - Pearypie: Make-up Artist/Theatrical Artist Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။