မကြာသေးမီကလူပြောများခဲ့တဲ့ သတင်းများနှင့်ပတ်သတ်ပြီး အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူဒီဇိုင်နာ မအိကျော်ဇင်မှ အနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်နဲ့ပတ်သတ်ပြီး သူတို့ရဲ့အနုပညာကို တန်ဖိုးထားချစ်ပေးတယ်ဆိုရင်သတင်းအမှားများကို မတင်ကြဖို့မေတ္တာရပ်ခံထားပါတယ်။ပရိသတ်များအနေနှင့်လည်း သတင်းမှားများကို မိသားစုဝင်တွေရဲ့အတည်ပြုချက် မရမချင်းမယုံကြည်ကြရန်ပြောထားပါတယ်။အကြောင်းအရာအမှားများဟာ အိမ်မှာရှိနေတဲ့ကာယကံရှင့်မိသားစုဝင်တွေကို ထိခိုက်နစ်နာစေတာကြောင့်ကလေးငယ်လေးတွေကို ငဲ့ညှာသောအားဖြင့်သတင်းမှားများမတင်ကြဖို့ မေတ္တာရပ်ခံရခြင်းဖြစ်တယ်လို့သူမရဲ့လူမှုကွန်ရဲ့ စာမျက်နှာမှာဖော်ပြထားပါတယ်။

Photo - Google 
Photo - Google 

မြန်မာပြည်ရဲ့နာမည်ကြီးအနုပညာရှင်အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးတို့ဟာပြီးခဲ့တဲ့ဧပြီလကတည်းက အဖမ်းဆီးခံထားရတဲ့သူတွေဖြစ်ကြပြီးအခုဆိုရင် ဖမ်းဆီးခံထားရတာ အချိန်ကာလ ၆လ ကြာမြင့်ခဲ့ကြပြီဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းသူတို့ချစ်ကြတဲ့အနုပညာရှင်တွေအတွက်များစွာစိတ်မကောင်းဖြစ်လျှက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။