အိုင်ဒေါလ်တစ်ယောက်ပုံစံနုဖက်တဲ့မျက်နှာလေးနဲ့ လူအများစိတ်တွေဝေခွဲမရဖြစ်သွားအောင်လုပ်လိုက်တဲ့သူကတော့ Idekami Baku လို့ခေါ်တဲ့ ဂျပန်လူမျိုးဆယ်ကျော်သက်ကောင်လေးပဲဖြစ်ပါတယ်။သူ့ရဲ့မျက်နှာလေးက ပစ်မျိုးမှဲ့မထင်ချောမောလှပရုံသာမက အသက်လေးကလည်း ၁၈ နှစ်ပဲရှိပါသေးတယ်။ပိုပြီးထူးခြားတာက မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာပါ။

Source - Google

သူကယောကျာ်းလေးတစ်ယောက်ဆိုတာသိသွားပြီးနောက်မှာတော့ သူ့ပရိသတ်တွေက “ကောင်လေးလား လှလိုက်တာ ၊ Lee Yeon Hee နဲ့တောင်တာတူတယ် ၊ ယောကျာ်းလေးဆိုတော့ ကွဲပြီဟေ့ အရမ်းလှရက်လိုက်တာကွာ ..၊ ယောကျာ်းလေးတဲ့လား ချောလိုက်တာကွာ” စသဖြင့် အထူးအဆန်းဖြစ်နေတဲ့မှတ်ချက်လေးတွေရေးတင်ကြပါတယ်။

Source - Koreaboo

တော်တော်များများက နုနု ဖက်ဖက် ယောကျာ်းလေးတွေ မျက်နှာကိုမြင်ဖူးကြပေမယ့် Idekami Baku ရဲ့မျက်နှာလေးကတော့ ရုတ်တရတ်ကြည့်လိုက်ရင်တောင် အမျိုးသမီးအိုင်ဒေါလ်အဖွဲ့ဝင်လေးလားလို့ အထင်မှားမိစေမယ့်မျက်နှာလေးပါ။

Source - Koreaboo

Idekami Baku ကိုယ်တိုင်လည်းသူ့ရဲ့မိန်းကလေးမျက်နှာကို ဆန့်ကျင်ပြီး ယောကျာ်းဆန်အောင်လုပ်မယ့်အစား အရှိတရားအတိုင်းလက်ခံပြီး လိုက်ဖက်တဲ့ဆံပင်ပုံစံလေးတွေအမြဲပြောင်းလေ့ရှိတဲ့သူပါ။အခုတစ်ခေါက်မှာလည်း ဆံပင်ဂုတ်ဝဲလေးနဲ့ ဆယ်ကျော်သတ်ကောင်မလေးပုံစံပြောင်းထားပါသေးတယ်။

Source - Koreaboo

သူ့ရဲ့အင်စတာဂရမ်နှင့်တွယ်တာမှာလည်း ဆယ်လ်ဖီပုံလေးတွေအများကြီးတင်လေ့ရှိပါတယ်။ဘယ်လိုကြည့်ကြည့် မိန်းကလေးပဲနော်။ အရမ်းချောလိုက်တာ။

Source - Koreaboo
Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။