Squid Game ဟာဆိုရင်ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ အရမ်းကိုနာမည်ကြီးသွားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းတွဲက နာမည်ကြီးသလို ဇာတ်လမ်းထဲမှာပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ဆောင်တွေကလည်းအရမ်းကိုရေပန်းစားလျှက်ရှိပါတယ်။

Photo - Instagram

ဇာတ်လမ်းထဲက မင်းသမီး Jung Ho Yeon ဟာဆိုရင်လည်း ဇာတ်လမ်းစတင်ထွက်ရှိခဲ့စဉ်တုန်းက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါ 617 k (၆သိန်းကျော်) ပဲရှိတာပါ။ဇာတ်ကားထွက်ရှိပြီး ၁၅ ရက်အကြာမှာတော့ ဖော်လိုဝါ 1.9M (၁၀ သန်းကျော်) အထိကိုရောက်ရှိသွားပါတယ်။ ရက်ပိုင်းအတွင်းဒီလောက်များတဲ့ ပရိသတ်တွေတိုးလာတာကြောင့် Squid Game ရဲ့အောင်မြင်မှုကတော့ တကယ့်ကိုအံ့ဖွယ်ပါပဲ။

Photo-Lovekpop95
Photo - Instagram

Squid Game က Jung ရဲ့ ပွဲဦးထွက်ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် Jung က ပွဲဦးထွက်မှာတင်အရမ်းကိုလူသိများသွားတဲ့ Lucky girl ကောင်မလေးပါ။ Squid Game ဇာတ်လမ်းထဲမှာ Jung က အဖေနဲ့အဘိုးဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး မောင်ဖြစ်သူနဲ့မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ ကောင်မလေး Kang Sae-Byeok နံပါတ်စဉ် 067 အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမအနေနဲ့လည်း အထီးကျန်မှုတွေနဲ့သဟဇာတ ဖြစ်နေတာကြောင့် အခုလို နာကျည်းမှုတွေ၊ အထီးကျန်မှုတွေနဲ့ တိုင်းတပါးမှာ ခက်ခဲစွာရှင်သန်ရတဲ့ဇာတ်ကောင်နဲ့ကွက်တိကျပြီးလိုက်ဖက်သွားတာဖြစ်တယ်လို့  ဆိုထားပါသေးတယ်။ရိုးရိုးရှင်းရှင်း ခပ်တည်တည်မျက်နှာလေးနဲ့ တစ်မျိုးလေးထူးခြားနေတဲ့ Jung ဟာ နောက်ဇာတ်လမ်းတွေမှာလည်းအောင်မြင်မှုတွေထပ်ရရှိဦးမယ်လို့ မင်မင်ကတော့ယုံကြည်ပါတယ်။ ကောင်မလေးရဲ့ ပုံလေးတွေကိုလည်း bonus အဖြစ်တင်ပေးလိုက်တယ်နော်။ ဒီထဲမှာ Jung ရဲ့ပရိသတ်တွေရောရှိကြလား။

Photo - Instagram
Photo - Instagram
Photo - Instagram
Photo - Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။