မင်းသမီးခိုင်နှင်းဝေဟာဆိုရင် မြန်မာနိုင်ငံက အခက်အခဲဖြစ်နေတဲ့ ကလေးလေးတွေကိုစေတနာမေတ္တာအပြည့်ဖြင့် တာဝန်ယူမွေးစားပေးနေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။သူမကဘာမှမသိနားမလည်ဘဲလူ့လောကကိုရောက်ရှိလာပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ကလေးလေးတွေကို ဒုက္ခမရောက်စေအောင်ကူညီစောင့်ရှောက်ပေးနေတဲ့သူတစ်ယောက်ပါ။အခုဆိုရင်သူမ မွေးစားထားတဲ့ကလေးငယ်လေးတွေအရေအတွက်လည်းပိုမိုများလာပြီး မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေလည်း တိုးချဲ့ ဆောက်လုပ်လျှက်ရှိပါတယ်။

ဒီတစ်ခေါက်မှာလည်းဝေးလံခေါင်ဖျား ရှမ်းပြည်နယ်တောအရပ်တစ်နေရာက မွေးရာပါကလီစာတွေအပြင်ထွက်နေတဲ့ကလေးလေးကိုမွေးစားလိုက်ပြီလို့ သူမလူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။ ကလေးငယ်လေးကအရေးပေါ်ခွဲစိတ်မှုလိုအပ်နေတဲ့သူဖြစ်ပြီး အသက်ကသုံးရက်သားလေးပဲရှိပါသေးတယ်။ လူ့လောကကိုရောက်လာတာ သုံးရက်သားလေးပဲရှိသေးတဲ့ကလေးငယ်လေးမှာ ဒီလိုမွေးရာပါရောဂါမျိုးပါလာတာ တော်တော်စိတ်မကောင်းစရာလေးပါ။ မင်းသမီးခိုင်နှင်းဝေ ကိုယ်တိုင်လည်း ကလေးငယ်လေးရဲ့အဖြစ်ကို သနားဂရုဏာစိတ်နဲ့ပြန်လည်ရှင်သန်လာဖို့ အများကြီးဆုတောင်းပေးနေတာကိုတွေ့ရပါတယ်။

Photo - Khine Hnin Wai (Facebook)
Photo - Khine Hnin Wai (Facebook)

အသက်ဆက်ရှင်မရှင်ဆိုတာတော့ ကလေးငယ်လေးရဲ့ကံတရား အတိုင်းသာဖြစ်ပေမယ့် အတတ်နိုင်ဆုံး ပြန်ရှင်လာအောင်ကယ်တင်သွားမှာဖြစ်ကြောင်းကိုလည်း သူမလူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။

ခိုင်နှင်းဝေဟာပရဟိတမင်းသမီးတစ်ယောက်ဖြစ်ပြီး အခက်အခဲဖြစ်နေသူ၊ဒုက္ခရောက်နေသူတွေကိုလည်း အမြဲတမ်းအလှူအတန်းတွေလုပ်ပေးနေတဲ့သူဖြစ်ပါတယ်။

Photo - Khine Hnin Wai (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။