ပရဟိတမင်းသမီးဆိုပြီး လူသိများတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတအမည်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်ခြင်း၊ ပရဟိတ အလှူတွေကိုလုပ်ခြင်းဖြင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

Photo Credit : Khine Hnin Wai’s Facebook page

ခိုင်နှင်းဝေကတော့ မိဘမဲ့ ခိုးကိုးရာမဲ့ လူမမယ် ကလေးငယ်လေးတွေကို ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာဆိုပြီး ဂေဟာလေးဖွင့်ကာ ပြုစုစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တွေကို ဖခင်လိုတစ်သွယ်၊ မိခင်လိုတစ်မျိုး နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai’s Facebook page

ခိုင်နှင်းဝေက ကလေးတွေ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ခိုနားရာလေးတစ်ခုအဖြစ်နဲ့ ဂေဟာတစ်ခုကို ဖန်တီးတည်ဆောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂေဟာလေးကတော့ ဆောက်လုပ်နေခဲ့တာ ပြီးလုနီးပါးအထိဖြစ်နေခဲ့ပြီး ဂေဟာအသစ်ကိုကြည့်ကာ ခိုင်နှင်းဝေက ကလေးတွေအတွက်တွေးကာ မျက်ရည်လည်ခဲ့ရတဲ့အထိ ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။

Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page

ဂေဟာလေးပြီးစီးသွားရင် အနည်းဆုံးကလေး အယောက် (၁၀၀)လောက်ထားရှိနိုင်တော့မှာဖြစ်တဲ့အတွက် ကလေးတွေတွေးပြီး သူကိုယ်တိုင်ကြည်နူးပီတိဖြစ်နေပြီး အလှူရှင်တွေလည်း ပီတိဖြစ်နေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ခိုင်နှင်းဝေကတော့ နောက်ထပ်လည်း ကလေးတွေအတွက် ခိုနားရာနေရာလေးတွေ ထပ်မံဖန်တီးပေးသွားဦးမှာပါတဲ့။

Photo Credit : Khine Hnin Wai’s Facebook page 

Source : Khine Hnin Wai’s Facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။