သမုဒ္ဒရာဆိုတာနက်ရှိုင်းသလောက် အင်မတန်ကို ထူးဆန်းမှုတွေနဲ့ပြည့်နေတဲ့နေရာပါ။ ရေနက်ပိုင်းကိုရောက်လာလေလေ ဆန်းကြယ်မှုတွေပိုပြီးများလာလေလေပါပဲ။ တချို့ဆန်းကြယ်မှုတွေက ကြက်သီးထဖို့ကောင်းတယ်။ တချို့ဆန်းကြယ်မှုတွေကတော့ တော်တော်ကိုသွေးပျက်မတတ်ကြောက်ဖို့ကောင်းလွန်းပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းကလည်း အမေရိကန်နိုင်ငံရဲ့ကမ်းခြေတွေမှာငါးတွေအများကြီးသောင်တင်လာတာမျိုးဖြစ်ခဲ့ပါတယ်။ ဒါကိုဒေသခံတွေက ဓာတ်ပုံရိုက်ပြီးဆိုရှယ်လူမှုစာမျက်နှာတွေကိုတင်ခဲ့ကြပါတယ်။ ဒေသခံတွေတင်ခဲ့တဲ့ ထူးဆန်းတဲ့ရေသတ္တဝါတွေထဲက အထူးခြားဆုံးလို့ယူဆရတဲ့ သတ္တဝါကြီးတွေကို ဗဟုသုတရဖွယ်ဖော်ပြပေးလိုက်ပါတယ်။

ဘောလုံးငါး

Photo - independent

ဒီရှားပါးငါးကြီးကို ပြီးခဲ့တဲ့ ၅ လပိုင်း ၈ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားကမ်းခြေတစ်ခုမှာရှာတွေ့ခဲ့တာပါ။ လူမှုကွန်ရက်ပေါ်တင်တင်ချင်းလူစိတ်ဝင်စားမှုအများကြီးရခဲ့တဲ့ငါးကြီးဖြစ်ပြီး ငါးကြီးကိုတွေ့တွေ့ချင်း ၂၀၀၃ ခုနှစ်ကထွက်ရှိတဲ့တဲ့ Finding Nemo ကာတွန်းကားထဲကငါးကြီးနဲ့တူတယ်လို့ပြောခဲ့ကြပါတယ်။

ငါးအမတွေက အလျား၂၄ လက်မရှိပြီး အထီးတွေကအမတွေထက်ပိုပြီး ပုပါတယ်။ ဒီငါးကြီးကို ကယ်လီဖိုးနီးယားနိုင်ငံ Newport ကမ်းခြေမှာတွေ့ရှိခဲ့တာဖြစ်ပြီး တရစ္ဆာန်ရုံပို့ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

မှော်ဆန်ဆန်ငါး

Photo - independent

Cape Coral က တောရိုင်းတိရစ္ဆာန်အရာရှိတွေကတော့ ဒီငါးတွေကိုကြီးမားတဲ့ အမေဇုန်မြစ်ကနေရောက်လာတဲ့ငါးတွေလို့ ကနဦးယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာ သမုဒ္ဒရာကငါးတွေမဟုတ်ဘဲ ရေသန့်မှာသာရှင်သန်လို့ရတဲ့ငါးတွေလို့ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

မျက်လုံးငါး

Photo - independent

ဒီငါးအမျိုးအစားကိုတော့ မကြာသေးမီကမှ တက္ကဆက်ပြည်ရဲ့ကမ်းခြေတစ်ခုမှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီပုံကို ဆိုရှယ်စာမျက်နှာပေါ်တင်ခဲ့တဲ့  Jennifer Baltaza ဆိုသူက ဒီငါးကသူတို့ သားဖြစ်သူကိုဒဏ်ရာရအောင်လုပ်လိုက်တာဖြစ်ကြောင်း အသိပေးတဲ့အနေနဲ့တင်ရင်း လူသိများသွားတာဖြစ်ပါတယ်။ ငါးကြီးရဲ့ သိပ္ပံနာမည်ကို Rhizophysa လို့နာမည်ပေးထားပါတယ်။

ရေသတ္တဝါဆန်းကြီးတွေကတော့တကယ့်ကိုကြောက်ခမန်းလိလိပဲနော်.. စာဖတ်သူတို့ထဲမှာရော ဒီရေသတ္တဝါကြီးတွေကိုမြင်ဖူးတဲ့သူတွေရှိကြလား။ ရှိရင်ဒေသအခေါ်အဝေါ်ဘယ်လိုတွေခေါ်ကြလဲဆိုတာ ပြောပေးခဲ့ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။