အားလုံးပဲမကြာသေးခင်ကနာမည်ကြီးသွားတဲ့ “Squid Game” ကိုသိကြတယ်မလား .. Squid Game ကိုသိကြတယ်ဆိုရင် Squid Game ထဲကအရုပ်မလေးကိုလည်းသိကြမှာပါ။ ကျောချမ်းစရာကောင်းပြီး မြင်လိုက်တာနဲ့စိတ်ထဲကအလိုလိုကြောက်စိတ်ဖြစ်နေတဲ့ အရုပ်မလေးက အပြင်မှာလည်းတကယ်ရှိနေတဲ့အရုပ်လေးပါတဲ့နော်။ အပြင်မှာတကယ်ရှိတဲ့အရုပ်မလေးကို  “Squid Game” ရိုက်ကူးရေးအဖွဲ့က ငှားပြီးဇာတ်လမ်းအတွက်သုံးခဲ့တာပါ။

သူမကတောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့မြောက်ဘက် နာရီအနည်းငယ်လောက်ဆက်မောင်းပြီးသွားရတဲ့ Chungcheongbok-do လို့ခေါ်တဲ့စီရင်စုလေးကအရုပ်လေးဖြစ်ပါတယ်။ Macha Land လို့ခေါ်တဲ့ မြင်းလှည်းပြတိုက်ရဲ့အပေါက်ဝကအရုပ်လေးဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့သားတွေကရိုက်ပြီးပြီးချင်းသွားပြန်ထားပေးခဲ့တယ်လို့သိရပါတယ်။

ဇာတ်လမ်းထဲမှာ လက်နှစ်ဖက်လုံး အပြည့်ပါပေမယ့် အပြင်မှာတော့ လက်တစ်ဖက်ပျောက်နေတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေကပြောကြပါတယ်။ မငှားခင်ကတည်းကလက်ပျောက်နေတာကို ဇာတ်လမ်းထဲမှာ လက်ထည့်ထားတာလား။ ရိုက်ကူးရေးလုပ်ရင်းလက်ပြုတ်သွားတာလားဆိုတာတော့ နည်းနည်းစဉ်းစားစရာပါပဲနော်။

Photo - The SmartLocal

ဘယ်လိုပဲဖြစ်ဖြစ် အပြင်မှာတကယ်ရှိနေတဲ့အရုပ်လေးကိုထည့်သုံးမယ်လို့လုံးဝ မထင်ထားမိပါဘူး။ Squid Game ဇာတ်လမ်းအတွက်သီး သန့်ဖန်တီးထားတဲ့အရုပ်လေးလို့ထင်နေတာပါ။စာဖတ်သူကြီးတို့ရော ဘယ်လိုထင်ကြလဲပြောခဲ့ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။