ဒီဖြစ်စဉ်လေးကတော့ “ကံထမ်းလာတာမမြင်ရ လှံထမ်းလာတာသာမြင်ရ” ဆိုတဲ့စကားပုံအမြဲတမ်းမှန်မနေဘူးဆိုတာကို ထောက်ပြလိုက်တဲ့ဖြစ်စဉ်လေးပါ။ ဘာလို့ဆို ဒီထဲက မီရှီဂန်အမျိုးသားက ကံထမ်းလာတာကိုတွေ့ခွင့်ရလိုက်ပေမယ့် သူမကြာခင်သေဆုံးတော့မယ်ဆိုတာကိုမသိလိုက်ရှာပါဘူး။ ဘာလို့လဲဆိုတာကိုဆက်ပြီးဖတ်သွားကြည့်ပေးပါနော်။

မီရှီဂန်အမျိုးသားတစ်ဦးလှေမတော်တဆမှုတစ်ခုကြောင့် သေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီး ပိုပြီးထူးခြားတာက သေဆုံးသူအမျိုးသားရဲ့အိတ်ကပ်ထဲမှာ ထီလက်မှတ်လေးတစ်စောင်ရှိနေခဲ့ပါတယ်။ ထီလက်မှတ်ကိုစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ဆုကြေးငွေအမြင့်ဆုံး အမေရိကန်ဒေါ်လာ ၄ သောင်းခွဲဆု  ကံထူးထားတဲ့သူဖြစ်နေပါတယ်။

Photo - PostX News

သေဆုံးသူအမျိုးသားရဲ့နာမည်က Gregory Jarvis ဖြစ်ပြီးအသက်က ၅၇ နှစ်အရွယ်ပါ။ သူကလွန်ခဲ့တဲ့ တစ်ပတ်ခွဲလောက်က ထီအမြင့်ဆုံးဆုကိုကံထူးထားတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် Caseville ကမ်းခြေတစ်ခုမှာ လှေမတော်တဆမှုကြောင့်သူ့အလောင်းပေါလောပေါ် ပြီး မြောလာတာကိုတွေ့ရှိခဲ့ပါတယ်။ ထီအမြင်ဆုံးဆုကြီးကံထူးခဲ့ပေမယ့် ဆုကြေးငွေရမသွားတဲ့အပြင် အသက်ပါသေဆုံးသွားတဲ့ Jarvis ရဲ့ကံလှည့်စားခံရမှုကတော့ တကယ်ကို အံ့သြဖွယ်ကောင်းလှပါတယ်။ Jarvis ကသူမသေခင်တုန်းကကလည်းဆုကြေးငွေသွားထုတ်ဖူးပေမယ့် လူမှုဖူလှုံရေးကဒ်မရှိတာကြောင့်ဆုကြေးငွေထုတ်လို့မရဘဲ အငြင်းခံလိုက်ရသေးတယ်လို့ သိရပါတယ်။ဒါကြောင့်လူမှုဖူလှုံရေးကတ်အသစ်ကိုစောင့်ဆိုင်းနေချိန်မှာပဲ ကွယ်လွန်သွားခဲ့ရတာပါ။  အမေရိကန်နိုင်ငံ မီရှိဂန်ထီအဖွဲ့အစည်းက ဆုကြေးငွေဒေါ်လာ၆၀၀ ထက်ပိုခဲ့ပါက ဆုကြေးငွေရယူဖို့လူမှုဖူလှုံရေးကဒ်နှင့်အတည်ပြုဓာတ်ပုံတစ်ပုံ လိုအပ်တယ်လို့စည်းကမ်း သတ်မှတ်ထားပါတယ်။

Source - https://www.indy100.com/news/man-found-dead-winning-lottery-ticket-b1929896

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။