နာမည်ကျော် အဆိုတော်ရေမွန် ကွယ်လွန်ဆုံးပါးသွားတာဟာ စက်တင်ဘာလ (၂၃)ရက်နေ့မှာဆိုရင် သုံးလတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ ရေမွန်ကွယ်လွန်ခြင်း သုံးလပြည့်နေ့လေးမှာ မိသားစုတွေနဲ့အတူ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ကောင်းမှုကုသိုလ်လေးတွေ ရည်စူးပြုလုပ်ပေးနေကြပါတယ်။ 

Photo Credit - Khin Htwe Mon's Fb Acc

ရေမွန်ရဲ့ မိခင်ဖြစ်သူကတော့ အမေချက်တဲ့ဟင်း လောကကြီးမှာအကြိုက်ဆုံးဆိုတဲ့ ကွယ်လွန်သူသားလေးအတွက် ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြီး ဆွမ်းကပ်ကာ ရည်စူးကုသိုလ်လေးတွေအပြင် အခြားလှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ နေအိမ်မှာ ဆွမ်းကပ်လှူခဲ့ပြီး စစ်ဘေးဒုက္ခသည်းပြည်သူတွေအတွက် အလှူငွေတွေနဲ့ သီလရှင်ဆရာလေးကျောင်းမှာ ဘုရားဝတ်တကမြေအတွက် အလှူငွေတွေ လှူဒါန်းကုသိုလ်ပြုခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc

ညီမဖြစ်သူ လပြည့်ကဗျာကလည်း ရေမွန်အတွက်ရည်စူးကုသိုလ်လေးအဖြစ် ညနေပိုင်းမှာ ရွှေတိဂုံဘုရားမှာ ရွှေပြားသွားကပ်ပေးကာ ကောင်းမှုလေးတွေကို သာဓုခေါ်နိုင်ဖို့ကိုလည်း ဆုတောင်းထားပါသေးတယ်။ မိသားစုတွေပြုလုပ်ပေးတဲ့ ရည်စူးကုသိုလ်လေးကြောင့် ရောက်ရာအရပ်ကနေ သာဓုခေါ်ကုသိုလ်ယူနိုင်စေဖို့ကိုလည်း ဆုတောင်းမေတ္တာတွေ ပို့သလိုက်ပါတယ်နော်။

Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။