Miss Universe 2017 ပြိုင်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက် အလှမယ်ဇွန်သံစဉ် ကတော့ ဇာတ်ကားရိုက်ကူးမှုအတွေထက် ပြိုင်ပွဲအတွက် လိုအပ်တာတွေကိုအဓိကထားပြင်ဆင်နေတယ်လို့သိရပါတယ်။"ညီမအရင်ကလည်း ပြိုင်ပွဲတွေပြိုင်ခဲ့ဖူးတယ်။အတွေ့အကြုံသစ်တွေလည်းရတယ်။ဒီလောကထဲ စဝင်ကတည်းက ညီမစိတ်ကိုဆုံးဖြတ်ထားပြီးသားပါ။ဝေဖန်တိုက်ခိုက်မှုတွေလည်းခံနိုင်ရမယ်။အနုပညာရှင်ဖြစ်တဲ့အတွက်လည်း ဝေဖန်တိုက်ခိုက်မှုတွေကတော့ အနည်းနဲ့အများကြုံရမှာပါပဲ။ဒါကြောင့် ဘယ်အရာကိုမဆို လွယ်လွယ်နဲ့အရှုံးမပေးတက်တဲ့စိတ်ကိုမွေးထားပါတယ်။ညီမလည်း ဇွဲကြီးကြီးနဲ့ကြိုးစားသွားပါ့မယ်"လို့ ဇွန်သံစဉ်ကပြောပါတယ်။

ဇွန်သံစဉ် အနေနဲ့လည်း အလှမယ်တစ်ဦးအပြင်နောက်ထပ် အနုပညာ ဖန်တီးမှုတွေမှာလည်း ရှေ့ဆက်ပြီး ပရိသတ်တွေ အားရအောင်ကြိုးစားနိုင်တဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။သူမ ပထမဆုံးပါဝင်ထားတဲ့ "ရတနာပုံ"ဇာတ်လမ်းတွဲကို ပရိသတ်တွေအားပေးတဲ့ အတွက်လည်းရှေ့ဆက်ဖို့အတွက် ခွန်အားတွေရှိလာပါတယ်လို့ ပြောပါတယ်။

သတင်းအရင်းမြစ် popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။