အချစ်ဆိုတာ ခန္ဓာကိုယ်နဲ့မဆိုင်ပါဘူး၊ အချစ်ဆိုတာ လူတစ်ယောက်ကိုယ့်အပေါ်ထားတဲ့ ဂရုစိုက်မှုနဲ့ နားလည်မှုအပြည့်အဝထားတာမျိုး ယုံကြည်မှု စတာတွေနဲ့ပဲဆိုင်တာပါ။ အချစ်က ပိန်တာ ဝတာ အရပ် ပုတာ ရှည်တာတွေနဲ့မဆိုင်ပါဘူး။ ဒါ့ကြောင့်ပဲ ခုချိန်မှာတော့ ၀၀ကစ်ကစ်ကောင်မလေးတွေနဲ့ ချစ်သူဖြစ်ပြီး လက်ထပ်ရတာဟာ အသက်ရှည်တဲ့ ကာလတောက်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တာကို ပညာရှင်တွေ တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတာကို အောက်မှာဖော်ပြ‌ေပးလိုက်ပါတယ်။

သစ္စာရှိခြင်း

၀၀ကစ်ကစ်ကောင်မလေးတွေဟာဆိုရင် သင်တွေ့မြင်ဖူးသမျှထဲမှာ သစ္စာအရှိဆုံးသူတွေပါ။ သူတို့မှာ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေရှိကြပြီး အချစ်အပေါ်ခံယူထားတဲ့ စိတ်ဓာတ်ဟာလည်း ကိုယ့်ကောင်လေးကိုပဲ ချစ်ကြောင်း ၁၀၀ အပြည့်ရှိနေတဲ့သူတွေပါ။ ဒါကြောင့်သူတို့က သင်တွေ့ဖူးသမျှထဲမှာ သစ္စာအရှိဆုံးသူတွေပါပဲ။

ပျော်ရွှင်ဖို့အတွက် အာမခံရခြင်း

ဟုတ်ပါတယ်....၀၀ကစ်ကစ်ကောင်မလေးတွေကို လက်ထပ်ရတာဟာ ဘဝကိုပျော်ရွှင်စွာ နေထိုင်ရဖို့အတွက် အာမခံချက်ရသလိုပါပဲ။ တကယ်ကုိ ၀၀ကစ်ကစ်လေးတွေမှာ အဲ့လိုအာမခံချက်ရှိပါတယ်။

ဗိုက်ဆာရတဲ့အဖြစ်မျိုး မဖြစ်ခြင်း

ဒါကတော့ မပါမဖြစ်လို့ ပြောရမှာပါပဲ။ သူတို့က ပြည့်ပြည့်၀၀လေးတွေဆိုတော့ သူတို့အနေနဲ့လည်း အစားနဲ့မကင်းကြဘူးလေ။ အဲ့လိုတွေကြောင့် သင့်ကိုလည်း သူတို့က ဗိုက်ဆာရမဲ့အဖြစ်မျိုး လုံး၀ရှိစေမှာမဟုတ်ပါဘူး။

မိန်းမဆိုတာထက် သူတို့က ပိုသာပါတယ်

ပြောချင်းတာကတော့ သူတို့ဟာ သင့်ရဲ့မိန်းမဖြစ်သွားပါက မိန်းမဆိုတဲ့ဂုဏ်ပုဒ်ထက် သူတို့က ပိုမိုပါတယ်။ ၀၀ကစ်ကစ်ကောင်မလေးတွေ မင်္ဂလာဆောင်ပြီးချိန်မှာ နှစ်ယောက်လုံးပျော်ရွှင်စွာ ရှိနေရပြီး နေထိုင်သွားရတာကို ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပြီးသားပါ။

ပညာရှင်တို့ရဲ့ သက်သေ

Mexico မှာရှိတဲ့ National Autonomous University က ဒါရိုက်တာဟာ Couple တွေရဲ့ လက်ထပ်ပြီးချိန်ကို လေ့လာကြည့်လိုက်တဲ့အခါမှာ ၀၀ကစ်ကစ်လေးတွေနဲ့ လက်ထပ်လိုက်တဲ့သူတွေက ပိုပျော်ရွှင်ရတာ တွေ့ရှိရပါတယ်။ အဲ့လိုမျိုး ပညာရှင်တွေရဲ့ သက်သေပြမှုနဲ့အတူ ၀၀ကစ်ကစ်မိန်းကလေးတွေနဲ့ လက်ထပ်ရတာဟာ ပိုမိုပျှော်ရွှင်ရကြောင်းကို သိရှိရတာမို့ ပရိသတ်ကြီးလည်း ခုပိုင်ဆိုင်ထားတဲ့ ချစ်သူက ၀၀ကစ်ကစ်လေးတွေဆိုရင် သူတို့ကို အရင်ကထက်ပိုချစ်ပေးပါ။ ပုံမှန်မိန်းကလေးတွေနဲ့ချစ်သူဖြစ်ရတာကလည်း သူနည်းသူဟန်နဲ့ရှိပါတယ်။

သတင်းအရင်းမြစ်: Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။