အမျိုးသမီးတွေဟာ ယနေ့ခေတ်မှာဆိုရင်တော့ အရင်ချိန်တွေကထက်ဆရင် အေးအေးလူလူ ပုံစံနဲ့ နေထိုင်နိုင်ကြပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခုလိုမျိုးတွေနေထိုင်နိုင်ဖို့အတွက် အရင်ခေတ်တွေမှာတုန်းက အမျိုးသမီးတွေဘယ်လို ရင်ဆိုင်ခဲ့ရပြီး လူတွေရဲ့ ဆဲပေါက်လွတ်အောင် ဘယ်လိုမျိုးဖြတ်သန်းလာခဲ့ရလဲဆိုတာကိုတော့ ယနေ့ခေတ်မှာ အသိနည်းကြမှာပါ။ ဒါကြောင့်ပဲ ခုဖော်ပြသွားမဲပုံတွေကတော့ အရင်ခေတ်တုန်းက အမျိုးသမီးတွေ ဘာကြောင့်များ အပြစ်ပြောခံရပြီး အနှိမ်ခံရလဲဆိုတာ ဖော်ပြသွားမှာပါ။

လွန်ခဲ့တဲ ခုနှစ်တုန်းကဆိုရင် အမျိုးသမီးတွေကို Marathon ပြေးပွဲမှာ ပါဝင်ခွင့်မပေးပါဘူး။ ဒါပေမဲ့ ၁၉၆၇ ခုနှစ်မှာ Kathrine Switzer ဆိုတဲ့အမျိုးသမီးက ပထမဆုံး Marathon မှာပြေးတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ပုံထဲမှာတော့ လူတွေ အုံးကြွနေတဲ့ပုံတွေပဲဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်တုန်းကလည်း အတိုတွေပေးဝတ်ခွင့်မပေးပါဘူး။ အဲ့ဒါကြောင့် Model တစ်ယောက်ဖြစ်တဲ့ Jean Shrimpton ဟာ လူတွေရဲ့အဆဲခံရမှုကိုတော်တော်ခံခဲ့ရပါတယ်။ ယနေ့ခေတ်မှာအတိုတွေ စိတ်ကြိုက်ဝတ်နေကြပေမဲ့လည်း ၁၉၆၅ခုနှစ်တွေမှာတော့ လူအများရဲ့ ပြောဆိုမှုနဲ့ မလွတ်ခဲ့တဲ့ အဝတ်အစားပဲဖြစ်ပါတယ်။

၁၉၀၇ ခုနှစ်မှာဆိုရင် Maud Wagner ဆိုတဲ့ တက်တူးပညာရှင်ဟာ ပုံပါအမျိုးသမီးကို တက်တူးအပြည့်ထိုးပေးခဲ့ပြီး သူမဟာ ရစရာမရှိအောင် ပြစ်တင်ပြောဆိုခံခဲ့ရပါတယ်။

၁၉၃၇ ခုနှစ်မှာ ပုံပါအမျိုးသမီးနှစ်ယောက်ဟာ ပထမဆုံး ဘောင်ဘီတိုနဲ့ ထွက်ခဲ့ဖူးကြတဲ့ မိန်းကလေးနှစ်ယောက်ပဲဖြစ်ကာ လူတွေအာရုံစိုက်မှုကို တော်တော်ခံခဲ့ရပါတယ်။

၁၉၀၆ ခုနှစ်မှာလည်း အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးကိုရရှိဖို့အတွက် ဆန္ဒတွေပြခဲ့ဖူးကြပါတယ်။

Yves Saint Laurent ဆိုတဲ့ Company တစ်ခုဟာ ပထမဆုံး ယောက်ျားဝတ်စုံပုံစံ မိန်းမတွေဝတ်ဖို့အတွက် ၁၉၆၆ခုနှစ်မှာထုတ်ခဲ့ကာ လူတွေအုံးကြွခဲ့ပါတယ်။

၁၉၀၇ခုနှစ်မှာ Annette Kellermann ဆိုတဲ့အမျိုးသမီးဟာ အသားကပ် ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

နောက်တစ်ပုံကတော့ အမျိုးသမီးတွေအတွက် ရေကူးဝတ်စုံပဲဖြစ်ပါတယ်။ လုံလုံခြုံခြုံရှိတဲ့ ရေကူးဝတ်စုံပဲဖြစ်ကာ ယနေ့ခေတ်နဲ့ တခြားစီပါပဲ။

1922 ခုနှစ်မှာလည်း ၁၉၀၇ကလို ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

Billie Jean King ဆိုတဲ့သူကတော့ ယောက်ျားတွေနဲ့တန်တူး ရင်မောင်တန်းနိုင်ခဲ့တဲ့ Tennis ကစားမယ်တစ်ဦးဖြစ်ပါတယ်။

Formula One ကိုပထမဦးဆောင် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးကတော့ Maria Teresa de Filippis ပဲဖြစ်ပါတယ်။

ပုံမှာဆန္ဒပြနေကြတာကတော့ Skirt အရှည်ကို ဝတ်ဆင်ရတာ ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။ သူတိုလဲ အတိုတွေ ဝတ်ချင်ခဲ့ကြတာပေါ့။

Mary Quant ဆိုတဲ့အမျိုးသမီးကတော့ ပထမဆုံး Mini Skirt ကို ထုတ်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။