သဘာဝတရားကြီးထဲက တိရစ္ဆာန်တွေရဲ့ နေပုံထိုင်ပုံ အကုန်လုံးကို ပညာရှင်တွေဟာ မလေ့လာနိုင်သေးပါဘူး။ တချို့အရာတွေဆို ပညာရှင်တွေ‌ေတာင် မသိသေးတဲ့ အချက်တွေ အများကြီးရှိပါသေးတယ်။ တချို့ဟာတွေကြတော့ ကိုယ့်အနီးအနားဝန်းကျင်မှာတင် ဖြစ်ပွားနေပေမဲ့ သတိမပြုမိကြပါဘူး။ ခုဖော်ပြချင်တာကလည်း လူသားတွေ သတိမပြုမိတက်ကြတဲ့ ရှဉ့်တွေရဲ့ အလေ့အကျင့်တစ်ခုကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ရှဉ့်တွေဟာဆိုရင် သစ်ကြားသီးတွေကို စုပြီးစားတဲ့ တိရစ္ဆာန်လေးတွေဖြစ်သလို သွေးဆာနေတဲ့ တိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ သွေးဆာနေတဲ့ သတ္တဝါလို့ ပြောမိလို့ အံ့ဩသွားတယ်မလား။ ရှဉ့်တွေဟာ ဘယ်တော့မှ အသားစားရဖို့အတွက် အမဲလိုက်လေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အမဲလိုက်တဲ့နေရာမှာ အရမ်းကြီးမကျွမ်းကျင် မတော်ကြလို့ပါပဲ။ ဒါကြောင့်ပဲသူတို့ဟာ လမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ် သေနေတဲ့ အသေကောင်လေးတွေ ငှက်လိုအကောင်တွေ စားသုံးလေ့ရှိပါတယ်။

ရှဉ့်တွေဟာ အဲ့လိုလမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ်သေနေတဲ့ အကောင်မတွေ့ရင် ငှက်သိုက်နားတို့သွားကာ ငှက်မကြီး အစာရှာမထွက်ခင်အချိန်ထိ စောင့်ပါတယ်။ ငှက်မအစာရှာထွက်ဖို့ ပျံသန်းသွားပြီဆိုတာနဲ့ သူတို့ဟာ အသိုက်ထဲကငှက်ပေါက်စလေးတွေကို အရှင်လတ်လတ် စားသောက်ပါတယ်။ သူတို့ဟာ မှောင်လာတာနဲ့အမျှ သားကောင်ရှာထွက်ကြပါတယ်။ သေနေတဲ့ကြွက်တို့ သေခါနီကြွက်တို့ကိုလည်း ရှာတတ်လေ့ရှိပါတယ်။ ယနေ့ထိတော့ တချို့ရှဉ့်မျိုးတွေ့ပဲ အသားစားတာလား ဒါမှမဟုတ် ရှဉ့်တိုင်းလိုလိုပဲလားဆိုတာ မသေချာသေးပါဘူး။ အောက်မှာလည်း ငှက်တစ်ကောင်ကို စားနေတဲ့ ရှဉ့်ရဲ့ Video ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။