သဇင်နွယ်ဝင်း ဟာ MRTV-4 နဲ့ Channel-7 အစရှိတဲ့ ရုပ်သံအစီအစဥ်တွေမှာ စီစဥ်တင်ဆက်နေတဲ့ အစီအစဥ်တင်ဆက်သူ ဖြစ်ပါတယ်။ဒါ့အပြင် သူမဟာ တချို့ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။သူမရဲ့စကားပြောဟန်နဲ့ ချစ်စရာအပြုံးလေးကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူလေးဖြစ်ပါတယ်။

Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook

သူမဟာ Dancing with the Stars အစီအစဥ်မှာလည်းပြိုင်ပွဲဝင်တစ်ဦးအဖြစ်ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။သူမရဲ့ အကယှဥ်ပြိုင်မှုဟာလည်း ပရိတ်သတ်တွေရဲ့ နဂိုလက်ခံထားတဲ့ သူမရဲ့ပုံစံနဲ့ကွဲပြားသွားတာကို အတော်လေး မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ထိုအစီအစဥ်မှာလည်း ပရိတ်သတ်တွေရဲ့ အမြင်အာရုံနဲ့ ချစ်ခင်အားပေးမှုကို အတော်လေးရရှိခဲ့ပါတယ်။

Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook

မနေ့က စက်တင်ဘာ(၁၅)ရက်နေ့မှာတော့ သူမ မွေးနေ့ကျရောက်ခဲ့ပါတယ်။ယခုနှစ် မွေးနေ့အမှတ်တရအလှူ အဖြစ် သူမ တပိုင်တနိုင်လေးအနေနဲ့ ဆန်၊ထောပတ်ကိတ်မုန့်၊ငါးသေတ္တာ၊ မြိတ်ငါးပိထောင်း အစရှိတဲ့ စားသောက်ကုန်တွေကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေကလည်း သူမဆီကို မွေးနေ့အမှတ်တရ ကိတ် ၊ ပန်းစည်းအစရှိတဲ့ လက်ဆောင်တွေပေးပို့ခဲ့ကြပါတယ်။သူမ အနေနဲ့ ယခုလိုဝေးနေကြတဲ့ကာလမှာ သူမကို သတိတရနဲ့ မွေးနေ့ဆုတွေအများကြီးတောင်းပေးတဲ့ ချစ်ရသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ဟူ၍ ဖော်ပြခဲ့ပါတယ်။"အားလုံးလိုလို အဆင်မပြေကြတဲ့ ဒီလိုကာလကြီးမှာ အခက်အခဲတွေ ပူပင်သောကတွေ အမြန်ပြေပျောက် လွတ်မြောက်ငြိမ်းအေးပြီး အနာရောဂါ၊ကပ်ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ"ဟုလည်း သူမက ဆုတောင်းပေးခဲ့ပါသေးတယ်။မွေးနေ့မှာ ပျော်ရွှင်နေတဲ့ သူမ ရဲ့ ပုံလေးတွေကို ကြည့်ရှု ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook
Photo Credit From Thazin Nwe Win Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။