အဆိုတော်ဖြစ်ဖြစ် သရုပ်ဆောင်ဖြစ်ဖြစ် အနုပညာရှင်သမားတစ်ေယာက်ယောက်ဟာ ကမ္ဘာကျော်လာတာနဲ့အမျှ Hater ဆိုတာ ရှိတက်လာပါတယ်။ ဒါပေမယ့် ခုလို Hater တွေ မရှိတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ လည်းရှိတက်ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်တိုင်းဟာ လက်ခံကြသလို ပရိသတ်မဟုတ်တဲ့သူတောင်မှ ချီးကျူးတက်ကြသလို အသိအမှတ်ပြုကြတာလည်း ရှိပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ အံ့ဩဖွယ်ကောင်းလှအောင် Hater တစ်ယောက်မှမရှိတဲ့ သရုပ်ဆောင်တွေကို ဖော်ပြလိုက်ပါတယ်။
1.Adam Sandler

Adam Richard Sandler ကတော့ Hollywood ရဲ့ Stephen Chow လို့ပဲပြောရမှာပါ။ သူဟာဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သီချင်းရေးဆရာနှင့်သရုပ်ဆောင်ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်စက်တင်ဘာလ ၉ ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘရွတ်ကလင် မှာမွေးဖွားခဲ့ပါတယ်။
2.Will Smith

၁၉၆၈ ခုနှစ်စက်တင်ဘာလ ၂၅ ရက်နေ့တွင်အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Philadelphia တွင်မွေးဖွားခဲ့တဲ့ Willard Carroll Smith Jr. ဟာ သရုပ်ဆောင်နှင့် Rapper တစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဧပြီလက Hollywood ရဲ့ မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Newsweek မှာ သူ့ကို " Hollywood ရဲ့ ဩဇာအကြီးဆုံး မင်းသား " လို့ ရေးသားခဲ့ပါတယ်။ Smith ဟာ ရွှေကမ္ဘာလုံးဆု ၅ ဆုနှင့် အော်စကာဆုနှစ်ဆုရရှိခဲ့ပြီး ဂရမ်မီဆု ၄ ဆုရရှိခဲ့ပါတယ်။
3.Jackie Chan

ဟောင်ကောင်သိုင်းပညာရှင်၊ သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စတန့်သမားနှင့်အဆိုတော် Chan Kong-sang SBS MBE PMW ကို ဂျက်ကီချန်းလိုလူသိများပြီး သူ့ကို ၁၉၅၄ ခုနှစ်ဧပြီလ ၇ ရက်နေ့တွင် ဟောင်ကောင် Victoria Peak မှာမွေးဖွားခဲ့ပါတယ်။ Jackie Chan ဟာ သူရဲ့ ချခန်းတွေ စတန့်တွေနဲ့ စသဖြင့် သရုပ်ဆောင်ကောင်းမှုတွေကြောင့် လူကြိုက်များပြီး အောင်မြင်တဲ့ သရုပ်ဆောင်လည်းဖြစ်ပါတယ်။
4.Dwayne Johnson

၁၉၇၂ ခုနှစ်မေလ ၂ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် Hayward တွင် Dwayne Douglas Johnson ကိုမွေးဖွားခဲ့ပါတယ်။ သူ့ကို WWE ရဲ့ စင်ပေါ်က နာမည်ဖြစ်တဲ့ The Rock အဖြစ်နဲ့လည်း လူသိများပါတယ်။ The Rock ဟာ အမေရိကန်-ကနေဒါလူမျိုးသရုပ်ဆောင်၊ ထက်မြက်သောစီးပွားရေးသမား၊ အငြိမ်းစားပရော်ဖက်ရှင်နယ်နပန်းသမားတစ်ဦးလည်းဖြစ်ပြီး ဘောလုံးသမားဟောင်းလည်းဖြစ်ကာ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့အသက်မွေး၀မ်းကြောင်းကို နပန်းကစားသမားဖြင့် စတင်ခဲ့ပြီးနောက် အနားယူကာ ယနေ့ချိန်မှာ ဈေးအကြီးဆုံး Hollywood မင်းသားဖြစ်နေပြီပဲ ဖြစ်ပါတယ်။
5.Keanu Reeves

Keanu Charles Reeves ကို လက်ဘနွန်နိုင်ငံ၊ Beirut တွင် ၁၉၆၄ ခုနှစ်စက်တင်ဘာလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ကနေဒါလူမျိုးသရုပ်ဆောင်၊ ဂီတပညာရှင်၊ ရုပ်ရှင်ထုတ်လုပ်သူနှင့်ဒါရိုက်တာဖြစ်ပါတယ်။ Keanu ဟာ သူရဲ့ အဓိကပွဲထွက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Youngblood မပြမီ ပြဇာတ်ထုတ်လုပ်ရေးများနှင့် ရုပ်သံဇာတ်ကားများတွင် သူရဲ့သရုပ်ဆောင်မှုကို စတင်ခဲ့ပါတယ်။ သူဟာ လူချစ်လူခင်ပေါတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။
6.Terry Crews

၁၉၆၈ ခုနှစ်ဇူလိုင်လ ၃၀ ရက်နေ့တွင် Michigan၊ Flint တွင်မွေးဖွားခဲ့တဲ့ Terrence Alan Crews ဟာ ဟာသသရုပ်ဆောင်၊ တက်ကြွလှုပ်ရှားသူ၊ အနုပညာရှင်၊ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းနှင့် အံ့ဩဖွယ်ကောင်းတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။ Terry ဟာ CW show ဖြစ်တဲ့ Everybody Hits Chris မှာ Julius Rock အဖြစ်သရုပ်ဆောင်ထားပြီး BET အဖြစ်မှန်စီးရီး The Family Crews မှာလည်း ပါ၀င်ပါတယ်။ U.S version ဖြစ်တဲ့ Who Wants to Be a Millionaire ဆိုတဲ့ ဂိမ်းအစီအစဉ်မှာလည်း အစီအစဉ်ကြေညာသူ တစ်ယောက်ဖြစ်ပါတယ်။
7.Damon Wayans

Damon Kyle Wayans Sr ကို ၁၉၆၀ ခုနှစ်စက်တင်ဘာလ ၄ ရက်နေ့တွင် New York, Harlem တွင် မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန် stand-up comedian၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်ကောင်းတစ်ယောက်နှင့် စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။
8.Heath Ledger

၁၉၇၉ ခုနှစ်ဧပြီလ ၄ ရက်နေ့တွင် ဩစတေးလျနိုင်ငံ ပါ့သ်မှာမွေးဖွားခဲ့ပြီး Ledger ဟာ နယူးယောက်မြို့မှာ ၂၀၀၈ ခုနှစ်ဇန်နဝါရီ ၂၂ ရက်တုန်းက ဝမ်းနည်းစွာသေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ သူဟာ အံ့ဩစရာကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Joker ဟာ သူမသေဆုံးမီ Ledger ရဲ့အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့တဲ့ Role တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Joker အဖြစ်သရုပ်ဆောင်ထားပုံကိုလည်း လူတွေဟာ ယနေ့ထိတိုင် မမေ့နိုင်ကြသေးပါဘူး။ သူဟာ Supporting Role တွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင် Oscar ဆုချီးမြှင့်ခံခဲ့ရပါတယ်။
9.Jack Black

၁၉၆၉ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် Santa Monica မှာ Thomas Jacob“ Jack” Black ကိုမွေးဖွားခဲ့ပါတယ်။ သူဟာ ဟာသသရုပ်ဆောင်၊ အဆိုတော်၊ တေးရေးဆရာ၊ တေးရေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ Jumanji ကားထဲမှာ သူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင် Professor Shelly Oberon ဟာလည်း သူ့ကြောင့် ကြည့်ရကောင်းခဲ့ပြီး ရယ်နေခဲ့ရပါတယ်။ ဒါကြောင့်ဒီဇာတ်ကောင်ကို အရမ်းချစ်ကြပါတယ်။
10.Robert Downey, Jr

Hater မရှိတဲ့ နောက်ဆုံးသရုပ်ေဆာင် RDJ ကို ၁၉၆၅ ခုနှစ်ဧပြီလ ၄ ရက်နေ့တွင်နယူးယောက်၊ Manhattan မှာမွေးဖွားခဲ့ပါတယ်။ RDJ ဟာပါရမီဉာဏ်ပညာရှင်၊ ဘီလျံနာ၊ ပလေးဘွိုင်၊ ပရဟိတအလှူရှင် Iron-Man အဖြစ်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒီ Roleကြောင့်လည်း သူဟာ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ချစ်ခင်လေးစားမှုကို ရရှိခဲ့ပါတယ်။ သူရဲ့ အရင်အချိန်တွေတုန်းက ဆိုးရွားခဲ့ပေမယ့်လည်း ဒီ Ironman ကားဟာ သူ့ရဲ့ သရုပ်ဆောင်ဘ၀ကို ပြန်လည် ရှင်သန်စေခဲ့ပါတယ်။ Avengers: Endgame ထဲက Ironman စတေးခဲ့တဲ့အခန်းဟာလည်း ပရိသတ်တွေကို ၀မ်းနည်းစေခဲ့ပါတယ်။
ဒီသရုပ်ဆောင်တွေကတော့ Hater မရှိကြတဲ့ သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ရော ဒီထဲမှာ မကြိုက်တဲ့ သရုပ်ဆောင်တွေပါတယ်ဆိုရင်လည်း ပြောခဲ့ကြပါ့အုန်း။
သတင်းအရင်းမြစ်: Fandom wire
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။