ယနေ့လိုခေတ်ကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အဆက်အသွယ်ရှိ‌ပြီး သတင်းအချက်အလက်တွေ Up To Date သိဖို့လိုအပ်ပါတယ်။ ဒါကြောင့်ပဲ မိမိဖုန်းကို အတက်နိုင်ဆုံး Battery ကြာရှည်ခံနိုင်အောင် အသုံးပြုရမှာပါ။ မီးပျက်သွားတဲ့အခါမျိုးမှာ ခုဖော်ပြတဲ့ နည်းလမ်းတွေဟာ သင့်ရဲ့ဖုန်းကို ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Don't charge it all the way up

လူအများစုဟာ အိပ်တဲ့အခါမှာ ဖုန်းအားသွင်းပြီး အိပ်တက်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ရဲ့ဖုန်း Battery ကိုထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကိုအားသွင်းပြီးထားလို့ ၁၀၀ ပြည့်တဲ့အခါမှာ Battery ဟာ အားလျော့လာတက်လို့ပါပဲ။ အစပိုင်းလောက်မှာ သင့်အနေနဲ့ မသိသာပေမယ့် လတွေနှစ်တွေကြာလာတဲ့အခါမှာတော့ ဖုန်း Battery သက်တမ်းဟာ သိသိသာသာ တိုသွားပါလိမ့်မယ်။ ဆိုတော့ကာ ဖုန်းကိုဘယ်လောက်ထိပဲ အားသွင်းသင့်လဲ။ အကြံပြုချက်အရ ၄၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက်ကြားပဲ ကောင်းပါတယ်။ ဒါမှသာ သင့်ဖုန်းရဲ့သက်တမ်းတစ်လျှောက် Battery က ကောင်းနေမှာဖြစ်ပါတယ်။ တစ်လကို ဖုန်းအား သုညကနေ ၁၀၀အထိ သွင်းပေးအားခြင်းဖြင့်လည်း သင့်ရဲ့ဖုန်းကို Reset ဖြစ်စေကာ လျင်မြန်စွာ Run စေနိုင်ပါတယ်။

Buy a portable charger

သင့်အနေနဲ့ Power Bank ၀ယ်ထားတာလည်း ကောင်းမွန်ပါတယ်။ Kayo Maxtar 5200mAh Mobile Power Bank Charger ဟာ အိတ်ဆောင်အိတ်အတွင်းထည့်နိုင်လောက်အောင်သေးငယ်ပြီး iPhone, Windows နှင့် Android handsets များအတွက် အဆင်ပြေပါတယ်။ iMuto 20000mAh Compact External Battery Power Bank က‌တော့ အနည်းငယ်ပိုစျေးကြီးပြီး ဝေဖန်ချက်များရှိပါတယ်။ အားသွင်းကြိုးကိုဆောင်ထားကြဖို့လည်း မမေ့ပါနဲ့။

Switch off Bluetooth and Wi-Fi

တကယ်လို့ သင်ဟာ Bluetooth နဲ့ပတ်သက်တာတွေ မသုံးဘူးဆိုရင် သင့်ဖုန်းက Bluetooth ကိုပိတ်ထားပါ။ အဲ့လိုပိတ်ခြင်းအားဖြင့် ဖုန်း Battery ဟာ သိသိသာသာ ကြာမြင့်နေပါလိမ့်မယ်။ သင့်အနေနဲ့ Wi-Fi မသုံးဘူးဆိုရင်လည်း ပိတ်ထားသင့်ပါတယ်။ ဒီလို wireless နည်းပညာတွေဟာ သင့်ရဲ့ဖုန်း Battery ကို တော်တော်အားကုန်စေပါတယ်။ ဒါကြောင့် ပိတ်ထားခြင်းအားဖြင့် နာရီပိုင်းလောက်ကြာအောင် သင့်ရဲ့ဖုန်းကို ပိုအသုံးပြုနိုင်ပါတယ်။

Use 2G

ဟုတ်ပါတယ်၊ ခုလိုအသုံးပြုချင်းဟာ ခေတ်နောက်ပြန်ဆွဲတယ်ဆိုပေမယ့် 3G or 4G ကိုသာပိတ်လိုက်မယ်ဆိုရင် ဖုန်းရဲ့ Battery ကိုအချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။ ခုလိုလုပ်လိုက်ရလို့ ဖုန်းကသုံးမရမှာ မစိုးရိမ်ပါနဲ့၊ သင့်အနေနဲ့ ဖုန်းခေါ်နိုင် စာပို့နိုင်ပါသေးတယ်။ အားနည်းချက်ကတော့ Web တွေထဲကို၀င်ရှာတဲ့အခါ နှေးသွားစေတာပါပဲ။ ဒါပေမယ့်လည်း သင့်ဖုန်း Battery ကို နှစ်ဆအချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာမို့ တန်ပါတယ်။

Use battery-saving mode

ခုခေတ်ဖုန်းတော်တော်များများမှာ Battery Saving Mode ဒါမှမဟုတ် Low Power Mode တို့ပါ၀င်ပါတယ်။ ဖုန်း Screen ကိုမှေးမှိန်နိုင်စေတာကြောင် Black & White Mode ထားပြီး ဖုန်းကလုပ်ဆောင်နိုင်တာတွေကို လျော့ချပါ။ ဒီလိုမျိုးပြုလုပ်ခြင်းဟာ Battery ကို နှစ်ဆကြာရှည်စေပါတယ်။ ဖုန်းအားကလည်းနည်း အားသွင်းလို့လည်း မရတဲ့အခြေအနေမျိုးမှာ ဒီနည်းလမ်းဟာ အသက်ကယ်ပါပဲ။

Turn off GPS

GPS ကတော့ သင့်ရဲ့ တည်နေရာကိုရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ဖုန်း Battery ကိုလည်းတော်တော်ကုန်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Google Maps တွေ GPS နဲ့သက်ဆိုင်တာတွေ မသုံးဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ သင့်အနေနဲ့တော့ ဒီလိုပိတ်လိုက်လို့ ဘာထူးသွားလဲဆိုတာ သတိမပြုမိနိုင်ပေမယ့် သင့်ရဲ့ Battery အသုံးပြုနိုင်ချိန်ကို တိုးပေးပါတယ်။

Change your screen settings

ဖုန်းအများစုရဲ့ Battery ဟာ Screen ကြောင့် များစွာ ကုန်ဆုံလေ့ရှိပါတယ်။ Phone Screen ဆိုတာကလည်း ကြီးမားပြီး လင်းနေတာကြောင့် ဖုန်းအားအကုန်ဆုံးပါပဲ။ Settings ထဲမှာ ဖုန်းအလင်းကိုလျော့ပြီး စက္ကန့် ၃၀ အတွင်း အလိုအလျောက်ပိတ်အောင် လုပ်ထားပါ။ ဖုန်း Wallpaper ကိုလည်း Live Wallpaper တွေ Animated တွေလို လှုပ်ရှားနေတာတွေလည်းမထားမိပါစေနဲ့။ အလင်းမှိန်မှိန်ပဲ သုံးရင်တောင် သင့်အနေနဲ့ ကွာခြားချက်ကို သိနိုင်ပါတယ်။

Turn off vibrate

ဖုန်းရဲ့ Vibrate ဟာ Ringtone ထက်တောင်မှ Battery ကိုပိုအသုံးပြုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Vibrate ကိုပိတ်ထားသင့်ပါတယ်။ Ringtones သံကိုလည်း ကြားရလောက်အောင်တာ ထားပြီး ဖုန်း Screen ကိုထိတိုင်း ဖွင့်တိုင်း ထွက်လာတဲ့ အသံကိုလည်း ပိတ်ထားပါ။ Silent Mode ထားရင်တော့ Battery ကိုအသုံးပြုတာ နည်းသွားစေပါတယ်။ ဒါပေမယ့် ဒီဟာကတော့ မကောင်းပါဘူး။ Silent Mode သာ ထားလိုက်ရင် ဘယ်သူစာပို့တယ် ခေါ်တယ်ဆိုတာကို သင်သိနိုင်တော့မှာ မဟုတ်လို့ပါ။ ဒါကြောင့် အသံပဲ တိုးထားတာ ကောင်းပါတယ်။

Kill any apps running in the background

သင့်အနေနဲ့ Background မှာ App ဘယ်နှခုတောင် Run နေလဲဆိုတာ သိသွားရင် အံ့ဩသွားနိုင်ပါတယ်။ သင့်ပိတ်လိုက်ရင်တောင်မှ ဆက် Run နေတက်ပါတယ်။ ဒါကြောင့် အတက်နိုင်ဆုံး Background မှာ Run နေသမျှကို ပိတ်ထားပေးပါ။

Say it loud: "No voice control!"

Voice Control ကိုလည်း ပိတ်ထားသင့်ပါတယ်။ Siri (iPhone များ)၊ Google Now (Android ဖုန်းများ) နှင့် Cortana (Windows ဖုန်းများ) ဟာ ဖုန်း Battery ကို ကုန်စေတဲ့အရာတွေဖြစ်ပါတယ်။ တစ်ခုခုကို သိချင်ရင်တော့ Google ပဲခေါက်ပါ။

Avoid bright sunlight

မိုဘိုင်းဖုန်းများဟာ အခန်းအပူချိန်အောက်တွင်သာ အကောင်းဆုံးအလုပ်လုပ်နိုင်တဲ့ လီသီယမ်အိုင်းယွန်း ဘက်ထရီများကို အသုံးပြုတာဖြစ်ပါတယ်။ တောက်ပတဲ့နေရောင်ခြည်ဟာ သင့်ဖုန်းကိုနွေးလာ‌ေစရုံသာမက ဘက်ထရီအားကိုလည်း နည်းစေပါတယ်။ ဖုန်း Screen မြင်ရအောင်လည်း အလင်းတိုးရပါတယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အခါ နေရောက်အောင်မှာ မသုံးပဲ အရိပ်အောက်မှာပဲ သုံးသင့်ပါတယ်။

Try an app

သင့်ဖုန်း Battery ကိုကြာရှည်စွာ အသုံးပြုလို့ရအောင်ပြုလုပ်ပေးတဲ့ App တွေရှိပါတယ်။ Android ရှိ Battery Doctor နှင့် iPhone ရှိ Battery Magic နှစ်ခုစလုံးဟာ အခမဲ့ဖြစ်ပြီး Review ကောင်းတွေရရှိထားကြပါတယ်။ ဒီ App တွေဟာ သင့်ရဲ့ဖုန်းပေါ်က ဘယ် App ကဖုန်းအားအကုန်မ‌ျားနေလဲဆိုတာကို ပြောပြပေးပါတယ်။

Turn it off whenever possible

သင့်ဖုန်းကို နှိုးစက်နာရီအဖြစ်မသုံးရင်း Alarm ကိုပိတ်ထားလိုက်ပါ။

Try a new battery

တကယ်လို့ သင့်ဖုန်း Battery ဟာ ထိလိုက်တာနဲ့ ပူနေပြီဆိုရင်တော့ အသစ်လဲသင့်ပါပြီ။ ဒီလိုလုပ်ခြင်းက သင့်ရဲ့ဖုန်းကို တစ်နှစ် ပိုသုံးနိုင်စေပါတယ်။ ဒါပေမယ့် iPhone or Samsung Galaxy S6 တို့လိုဖုန်းတွေကတော့ လဲလို့မရတာကြောင့် စိတ်မကောင်းပါဘူး။

သတင်းအရင်းမြစ်: USwitch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။