ချစ်စရာအမွှာလေးတွေကို ပတ်ဝန်းကျင်မှာ သို့မဟုတ် သူငယ်ချင်းတွေ ကြားထဲမှာလည်း မြင်ဖူးကြမှာပါ။ တချို့အမွှာတွေဆိုရင် လုံးဝရုပ်ချင်း ချွတ်စွတ်တူလွန်းလို့ ခွဲမရနိုင်အောင်တောင် ဖြစ်ရပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အလွန်ဖြစ်တောင့် ဖြစ်ခဲလှတဲ့ ရုပ်ချင်းလုံးဝမတူတဲ့ အမြွှာညီအမတွေအကြောင်းပဲ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ နာမည်ကတော့ Kian နဲ့ Remee တို့ဖြစ်ပါတယ်။ Kian နှင့် Remee တို့ဟာ တစ်မိနစ်ပဲခြားပြီးမွေးဖွားလာကြပေမယ့် နှစ်ယောက်လုံးရဲ့ပုံစံက မတူညီတာကြောင် အံ့ဩစရာကောင်းခဲ့ပါတယ်။

Kian လေးက အနက်ရောင်ဆံပင်၊ အညိုရောင်မျက်လုံးလေးနဲ့ အညိုရောင်အသားအရေရှိပါတယ်။ Remee လေးကတော့ ရွှေရောင်ဆံပင်၊ အပြာနုရောင်မျက်လုံးလေးနဲ့ အဖြူရောင်အသားရေရှိပါတယ်။ သူတို့ကတူညီတဲ့အပြုံးကို မျှဝေနိုင်ကြပါတယ်။ ဒါပေမယ့်ဘေးချင်းယှဉ်ရင်တော့ သူတို့က မတူကြပါဘူး။ ဒီလိုဖြစ်ရပ်မျိုးဟာလည်း တစ်သန်းမှာ တစ်ခါသာ ဖြစ်တက်တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ Kylee Hodgson နှင့်အဖေဖြစ်သူ Remi Horder နှစ်ဦးစလုံးတွင် အသားအရောင်မတူညီကြတဲ့ မိဘတွေရှိပါတယ်။ ဒါကြောင့်ပဲခုလို အံ့ဩစရာကောင်းလှတဲ့ အမွှာညီအစ်မကို ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်ကြောင့်လည်း နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ကြပါတယ်။

လူတွေကလည်းသူတို့ကို အသားအရောင်မတူလို့ မေးခွန်းမထုတ်ကြသလို လူမ‌ျိုးရေးခွဲခြားမှုတွေလည်း မရှိခဲ့ပါဘူး။ “ သူတို့ကသူတို့အသားအရောင်နဲ့ပတ်သက်ပြီး စိတ်မ၀င်စားကြပါဘူး။ ဒီလို အမွှာထဲမှာ အသားရောင် မတူတာဟာ အခြားသူတွေအားလုံးအနေနဲ့ မြင်နေကျကိစ္စကြီးမဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ဒီလို အသားအရောင်မတူတဲ့အတွက် မေးခွန်းမထုတ်ကြသလို ဝေဖန်မှုတွေလည်း မရှိပါဘူး " လို့အမေဖြစ်သူက သူ့သမီးတွေအပေါ်မြင်တဲ့ တခြားသူတွေရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။ သူတို့မိသားစုဟာ အင်္ဂလန်နိုင်ငံ Dudley မြို့မှာနေထိုင်ကြပြီး ဒီညီအစ်မ နှစ်ယောက်ကိုတော့ ၂၀၀၅ ခုနှစ်မှာ ဗိုက်ခွဲမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ Kian က အငယ်ဖြစ်ပြီး Remee က တစ်မိနစ်ကြီးတဲ့ အစ်မဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။