ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း အချုပ်ခန်းပုံစံ တည်းခိုခန်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီတည်းခိုခန်းရဲ့ ဈေးနှုန်းကတော့ တညတည်းခိုမှ ၁ဒေါ်လာသာပေးချေရမှာ ဖြစ်တာကြောင့် လူတော်တော်များများက စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတည်းခိုခန်းလေးမှာ အနားယူမယ်ဆိုရင်တော့ တည်းခိုခန်းအတွက် လိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိပါသေးတယ်။ စည်းကမ်းတွေကို မလိုက်နာရင်တော့ တည်းခိုခွင့်ရှိမှာမဟုတ်ပါဘူး။

ဒီတည်းခိုခန်းလေးကို ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သူကတော့ NYC Artist Miao Jiaxin ဖြစ်ပါတယ်။ သူဟာ ထူးခြားတဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ တည်းခိုခန်းရဲ့ စည်းကမ်းချက်တွေကတော့ သံတိုင်တွေကြားထဲမှာ နေထိုင်သွားရမှာဖြစ်တဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ အချုပ်ခန်းပုံစံ အခန်းအတွင်း တစ်ယောက်တည်း ထိုင်နေရမှာဖြစ်တာကြောင့် မတည်းမှီ သုံးနာရီ အတောအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။

တည်းနေစဉ်အတောအတွင်း စကား ပြောခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်စက်ခြင်းစတဲ့ ဘာအပြုအမူကိုမှ ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒီလို ၃ နာရီလုံး နေထိုင်နိုင်မှ အချုပ်ခန်းအတွင်းမှာ တည်းခိုခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ယာပစ္စည်းတွေကိုလည်း အသစ်စက်စက် အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတည်းခိုခန်းလေးကို ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြစ်မှု မကျူးလွန်တဲ့သူတွေလည်း အချုပ်ခန်းထဲမှာ နေထိုင်ဖူးအောင် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ Miao Jiaxin ကပြောခဲ့ပါတယ်။

သတင်းအရင်းမြစ်: Art Review

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။