MRTV-4 မင်းသားချော ရှင်မွေလ ဟာ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ အမြဲ ပြုံးရယ်နေတတ်တဲ့ ပရိတ်သတ်အချစ်တော် မင်းသားတစ်ယောက်ပါ။ သူ့ရဲ့ စပ်ဖြဲဖြဲနေတတ်တဲ့ ပုံစံလေးကလည်း မိန်းကလေးပရိတ်သတ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

photo credit from Facebook

ပရိတ်သတ်အချစ်တော်ရှင်မွေလဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ မိဘ နှစ်ပါး ရဲ့ ကိုဗစ် ခံစားခဲ့ရပုံတွေကို အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

photo credit from Facebook

ရှင်မွေလရဲ့ အဖေနဲ့ အမေက ကိုဗစ်ကို အတူတူစတင်ကူးစက်ခံခဲ့ရပေမယ့် မိခင်ဖြစ်သူက နှလုံးရောဂါအခံရှိလို့ ကိုဗစ်ရဲ့ နှိပ်စက်မှုဒဏ်ကို အရင်ခံခဲ့ရပြီး ဖခင်ဖြစ်သူကတော့ စဖြစ်တုန်းက အထိ အေးအေးဆေးဆေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ရောဂါခံမရှိတဲ့ အဖေကို ဘာမှသိပ်မဖြစ်လောက်ပါဘူးဆိုပြီး နည်းနည်းလျော့တွက်ခဲ့ပေမယ့် (၁၁) ရက်နေ့မြောက်လောက်မှာတော့ ဖခင်ဖြစ်သူက ကိုဗစ်ရဲ့ မာယာကျော့ကွင်းထဲ၀င်ရောက်လာပြီး အပြင်းအထန်ခံစားခဲ့ရတယ်လို့လည်းဆိုပါတယ်။

photo credit from Facebook

မိခင်လောက်အခြေအနေမဆိုးလောက်ဘူး လို့ထင်ရတဲ့ ဖခင်ကြီးက အောက်စီဂျင်တွေလည်း ရှူရပြီး သွေးကျဲဆေးတွေနေ့ရောညပါ ရက်ဆက် ထိုးရတဲ့အပြင် တစ်ခြား လိုအပ်တဲ့ဆေးတွေကို ပါသောက်သုံးခဲ့ရပါတယ်။

photo credit from Facebook

အခု ဆိုရင်တော့ ဖခင်ကြီးလည်း စိတ်ချရတဲ့ အခြေအနေတစ်ခုထိရောက်အောင် အိမ်မှာပဲ ဂရုတစိုက် နေထိုင်ရင်း အနားယူနေပါပြီ။

ပရိတ်သတ်အချစ်တော်ရှင်မွေလလည်း မိဘနှစ်ပါး ရဲ့ ကျန်းမာရေးကို တော်တော်လေးစိတ်ပူပြီး အနီးကပ် ပြုစု ခဲ့ရပါတာမလို့  ရှင်မွေလရဲ့ ပရိတ်သတ်တွေက သူ့အတွက် အမောပြေစေတဲ့ ဆုတောင်းစကားလေးတွေ ချန်ခဲ့ကြပါဉီးနော်...

photo credit from Facebook
photo credit from Facebook
photo credit from Facebook

သတင်းအရင်းမြစ်: Shin Mwe La's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။