ပရိသတ်ကြီးရေ Facebook Page မှာ ပရိသတ်ပေါင်း ၇ သန်းကျော်ထိရှိနေပြီး
မြန်မာနို်င်ငံရဲ ့လူကြိုက်အများဆုံးအဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းစို်င်းဟာ
၁၉၇၉ ခုနှစ်တွင် မွေးဖွားခဲ့သူမို ့အခုဆိုရင် အသက် ၃၉ ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။
စို်င်းစို်င်းဟာ အနုပညာဘက်မှာသာမက စီးပွားရေးဘက်မှာလည်း
အောင်မြင်မှုရရှိနေသူလည်းဖြစ်ပါတယ်။
အခုချိန်ထိ နုပျိုနေဆဲ ပရိသတ်တွေများစွာချစ်ခင်အားပေးနေကြဆဲ ဖြစ်တဲ့ စိုင်းစို်င်းရဲ ့လူသိပ်မသိသေးတဲ့အကြောင်းလေးတွေကို
စိုင်းစို်င်းရဲ ့ချစ်ပရိသတ်တွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။
စို်င်းစိုင်းရဲ ့ဖခင်ဖြစ်သူဟာ စို်င်းခမ်းလှိုင်ဖြစ်ပြီး သူဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ ့
မှဖြစ်ပါတယ်။
စိုင်းစိုင်းရဲ ့အောက်မေးရိုးဟာ အရမ်းရှည်လျားတဲ့အတွက် အဆိုတော်
ဖြစ်တဲ့အချိန်မှာ အနည်းငယ်ခွဲစိတ်ပြုပြင်ထားတယ်လို ့သိရပါတယ်။
စိုင်းစိုင်းဟာ စော်ဘွားမျိုးနွယ်ဝင်ဖြစ်ပြီး စိုင်းစိုင်းရဲ ့အဖိုးဖြစ်သူ စော်ဘွား စဝ်စံထွန်းဟာ ၁၉၄၇ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ထိုးခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူလုပ်ကြံခံခဲ့ရသူဖြစ်ပါတယ်။
စိုင်းစို်င်းရဲ ့မိဘတွေဟာ စိုင်းစိုင်း ၄ တန်းနှစ်မှာ ကွဲကွာခဲ့ကြပါတယ်။
ဖခင်ဖြစ်သူဟာ ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူဟာ
လက်ရှိ သြစတေးလျမှာ နေထိုင်လျက်ရှိပါတယ်။
စိုင်းစိုင်းဟာ ကိုယ်ခံပညာတတ်ကျွမ်းသူ ဂျူဒိုကစားသမားတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝမှာ ပြည်နယ်အဆင့် ဆုတံဆိပ်များဆွတ်ခူးခဲ့သူဖြစ်ပါတယ်။
အနုပညာခရီးလမ်းကို ကြိုးစားမှုအပြည့်နဲ ့လျှောက်လှမ်းခဲ့တဲ့စိုင်းစို်င်းဟာ
အခုဆိုရင် ပရိသတ်အခို်င်အမာရှိတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ ့
ရပ်တည်နေသူလည်းဖြစ်ပါတယ်။
သတင်းအရင်းမြစ် နေ ့စဉ်သတင်းနှင့် သုတရသအဖြာဖြာ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။