အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်တည်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး မြတ်ကေသီအောင် ဟာ ဇာတ်ကားရိုက်ကူးမှုတွေပြန်လည်လက်ခံရိုက်ကူးနေပြီဖြစ်ပြီး သူမရဲ့ တူမလေးဖြစ်တဲ့ ပတ်ထရစ်ရှာကလည်း အနုပညာလောကထဲအောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။

အရွယ်တင်နုပျိုလန်းဆန်းနေသေးတဲ့ မင်းသမီးချော မြတ်ကေသီအောင် တစ်ယောက်  လက်ရှိအချိန်မှာတော့ ခရီးတွေထွက်လိုက် အလုပ်တွေလုပ်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။

အနုပညာလောကမှာ နေရာတစ်ခုရရှိနေပြီဖြစ်တဲ့ သူမချစ်ရတဲ့ တူမလေး သရုပ်ဆောင် ပတ်ထရစ်ရှာ နဲ့ ပတ်သက်ပြီးတော့ သူမရဲ့ အမြင်ကို အခုလိုပွင့်ပွင့်လင်းလင်းနဲ့ Myanmar Cele Wiki ကိုပြောပြခဲ့တယ်လို့ သိရပါတယ်။

အစ်မရဲ့မျိူးဆက်က ပတ်ထရစ်ရှာပေါ့ သူကအစ်မရဲ့တူမလေးပါ။ သူအရမ်းလှပါတယ် ပတ်ထရစ်ရှာဆိုရင် လည်း အစ်မအရမ်းသဘောကျပါတယ်။ သူကစိတ်ကူးလေးလည်းကောင်းတယ် တီထွင်မူလည်းကောင်းတယ် ကြိုးလည်းကြိုးစားတယ် ဘယ်သူ့အားကိုးမှမပါပဲနဲ့ ဒီနေရာကို အချိန်တိုတိုနဲ့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့် အဒေါ်တစ်ယောက်အနေနဲ့ အရမ်းကို ကျေနပ်ပါတယ်။ သူ့ဒီဇိုင်း သူ့ဖက်ရှင်လေးတွေကိုကြိုက်တယ် " လို့ပြောပါတယ် ။

သူကျတော့လည်း သူ့တန်းလေးနဲ့သူ ဘယ်မင်းသားနဲ့မှ ရိုက်ချင်တယ်။ မင်းသမီးအပြိုင် လုပ်ကွက်မရတာမျိူးတွေလည်း မရိုက်ချင်ဘူးလို့ သိရတယ်။ သူ့ကိုအကြံလေး ဘာလေးတော့ ပေး ဖြစ်ပါတယ် " လို့ပြောပါတယ် ။ ပတ်ထရစ်ရှာ နဲ့ ဆတ်ဆံရေးကိုလည်း " သူ့အမေနဲ့အစ်မက ညီမ တစ်ဝမ်းကွဲတော်တယ်။ သူတို့က ငယ်ငယ်လေးကတည်းက အစ်မတို့အိမ်ကို သွားလာဝင်ထွက်တယ်။ အခု သူအနုပညာ အလုပ်တွေလုပ်ပြီး ပရိသတ်အားပေးမူ ရရှိလာတော့လည်း အဒေါ်တစ်ယောက်အနေနဲ့ ဝမ်းသာပါတယ် " လို့ပြောပါတယ်။

အဒေါ်ဖြစ်သူရဲ့ ခြေရာနင်းနိုင်တဲ့ ပတ်ထရစ်ရှာ ဟာ လက်ရှိမှာ ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ မင်းသမီးလေးတစ်လက်ဖြစ်သလို သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း အသိပေးထားသူဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Myanmar Cele wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။