ယနေ့ဇွန်လ(၂၃)ရက်နေ့မှာတော့ ပရိသတ်တွေများစွာရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် တောထဲမှာရှောင်တိမ်းနေထိုင်ရင်း ဆုံးပါးသွားခဲ့ပါတယ်။ Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ လူငယ်ပီပီ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပန်းသပိတ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အဆိုတော်ရေမွန်ဟာ ယခုမှာတော့ သူချစ်တဲ့အနုပညာနဲ့ သူချစ်တဲ့ပရိသတ်တွေကို ထာဝရနှုတ်ဆက်ခွဲခွာသွားပြီပဲဖြစ်ပါတယ်။

Photo Credit: Wai Mon Oo ' s Facebook Acc
Photo Credit: Wai Mon Oo ' s Facebook Acc
Photo Credit: Zar Htet ' s Facebook Acc

ပရိသတ်တွေကလည်း အနှစ်အရသာရှိတဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် မမျှော်လင့်ဘဲအခုလိုဆုံးပါးသွားခဲ့လို့ ဝမ်းနည်းမိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောဆိုနေကြပါတယ်။သူနဲ့ခင်မင်ရင်နှီးတဲ့ အနုပညာရှင်တွေများစွာကလည်း ရေမွန်အတွက် ယူကျုံးမရဖြစ်ကာဝမ်းနည်းမိတဲ့အကြောင်း ရေးသားနေကြပါတယ်။ ဇာဇာထက်ကတော့ လူတိုင်းနဲ့ချစ်ချစ်ခင်ခင်ရှိသလို သူမကိုလည်းမောင်နှမလိုနွေးနွေးထွေးထွေးခင်မင်ပေးခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် အခုလိုရုတ်တရက်ကြွေလွင့်သွားခဲ့ရလို့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo Credit: Zar Htet ' s Facebook Acc
Photo Credit: Wai Mon Oo ' s Facebook Acc
Photo Credit: Wai Mon Oo ' s Facebook Acc

ဇာဇာထက်ကတော့ " Super Hero broသီချင်းဖန်တီးရာမှာ ပါရမီပြည့်သူကြီးတကယ်သဘောကောင်းသူကြီး မောင်နှမလိုနွေးနွေးထွေးထွေးခင်မင်ပေးသူ ကျွန်မတို့ပြဿနာတွေတက်တုန်းကလဲအဆင်ပြေအောင်ကြားဝင်စေ့စပ်ပေးသူကြီး မာန်မာနမရှိလူတိုင်းအပေါ်ခင်မင်ပေးသူ အကိုချစ်တဲ့ကေ့အတွက်သတင်းအမှားဖြစ်ပါစေလို့ဆုတောင်းပေးနေပေမဲ့ ဆုတောင်းမပြည့်ခဲ့ဘူးကိုရေမွန်ရေ အကြွေစောလွန်းလို့နှမြောမိတယ် သေမင်းကအကောင်းကြိုက်လွန်းတယ်အကိုကောင်းရာသုဂတိလားပါစေ "ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားခဲ့ပါတယ်။ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော်ရေမွန်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို စိတ်မကောင်းစွာနဲ့ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Zar Htet ' s Facebook Acc

Photo Credit: Wai Mon Oo ' s Facebook Acc
Photo Credit: Wai Mon Oo ' s Facebook Acc
Photo Credit: Zar Htet ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။