Revolution ကြောင့် ကမ္ဘာကြီးပေါ်က အရာတော်တော်များများကပြောင်းလဲခဲ့တယ်‌ဆိုတာ အပိုင်းတစ်မှာတော့ သိသင့်သလောက်သိပြီသွားကြပြီးဖြစ်ပါတယ်။ ကျွန်းစနစ်ပျောက်ကွယ်တာတွေ ဖွဲ့စည်းပုံအခြေခံဥပဒေခေတ်တွေစတင်ပေါ်ပေါက်လာတာတွေကို သိရှိကြရမှာပါ။ ဒါကြောင့် ဘယ်‌ေတာ်လှန်‌ေရးက ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့စေလည်းဆိုတာ ဆက်လက်ဖက်ရှူလိုက်ပါအုန်း။

၅.Glorious Revolution

Photo Credit-Listly

The Glorious Revolution (သို့မဟုတ်) ၁၆၈၈ တော်လှန်ရေးဟုလည်း ခေါ်ကြပါတယ်။ အင်္ဂလန်ဘုရင် James II (စကော့တလန်မှ James VII နှင့် အိုင်ယာလန်မှ James II) ကို အင်္ဂလိပ်ပါလီမန်အမတ်များနဲ့ Orange-Nassau မှ William III (William of Orange) တို့ပူးပေါင်းပြီး နန်းဖြုတ်ချတဲ့ တော်လှန်ရေးပဲဖြစ်ပါတယ်။ဝီလျံသည် ဒတ်ခ်ျရေတပ်နှင့်စစ်တပ်ကုိ ဦးဆောင်ပြီး အင်္ဂလန်ကိုအောင်မြင်စွာကျူးကျော် ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ထို့တောက် သူ၏ဇနီးဖြစ်သူ Mary II နှင့်အတူအင်္ဂလန်နိုင်ငံ၏ William III အဖြစ်အင်္ဂလန်ဘုရင်ဖြစ်လာခဲ့ပါတယ်။ သူဟာ 1689 လူ့အခွင့်အရေး ဥပဒေကြမ်းကုိ ပထမဆုံးတင်သွင်ခဲ့သူလည်းဖြစ်ပါတယ်။

၄.Cuban Revolution

Photo Credit-Listly

ကျူးဘားတော်လှန်ရေး (၁၉၅၃–၅၉) သည် ကျူးဘားသမ္မတ Fulgencio Batista ဆိုတဲ့ အမေရိကန်ပြည်ထောင်စုကျောထောက်နောက်ခံပြုသည့် အာဏာရှင်အစိုးရကိုဆန့်ကျင်သော Fidel Castro နဲ့ မဟာမိတ်များက ဦးဆောင်သော ဇူလိုင်လ ၂၆ရက်နေ့ လက်နက်ကိုင်ပုန်ကန်မှုပဲဖြစ်ပါတယ်။ တော်လှန်ရေးသည် ဇူလိုင်လ ၁၉၅၃ ခုနှစ်မှာစတင်ခဲ့ပြီး နောက်ဆုံးမှာ Batista တွေကိုဖြုတ်ချနိုင်ခဲ့ကာ ဇန်နဝါရီလ ၁ရက်နေ့ ၁၉၅၉ခုနှစ်မှာပြီးဆုံးခဲ့ပြီးနောက် တော်လှန်ရေးသမားတွေဟာ သူတို့ရဲ့အစိုးရအသစ်ကိုခန့်အပ်ခဲ့ပြီး ဆိုရှယ်လစ်ပြည်နယ်ကို တည်ထောင်ခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ လှုပ်ရှားမှုအပြီး နောက်ပိုင်းတွင် ကွန်မြူနစ်စနစ်ဖြင့်ပြုပြင်ပြောင်းလဲခဲ့ကာ အောက်တိုဘာလ ၁၉၆၅ခုနှစ်မှာ ကွန်မြူနစ်ပါတီဖြစ်လာခဲ့ပါတယ်။

၃.Chinese Communist Revolution

Photo Credit-Listly

တရုတ်ကွန်မြူနစ်တော်လှန်ရေး (သို့) ၁၉၄၉ တော်လှန်ရေးသည် တရုတ်ကွန်မြူနစ်ပါတီ၏အာဏာကို ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်တွင်းစစ်၏ဒုတိယအပိုင်းဖြစ်ပါတယ်။ တရားဝင်မီဒီယာများတွင် ဤကာလကိုလွတ်မြောက်ရေးစစ်ပွဲဟုခေါ်ဆိုကြပါတယ်။

၂.Russian Revolution

Photo Credit-Listly

"ရုရှားတော်လှန်ရေး" သည် ၁၉၁၇ တွင် ရုရှား၌ ဖြစ်ပေါ်လာသော တော်လှန်ရေး‌ေတွအတွက် စုပေါင်းသံုးထားတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ တော်လှန်ရေးကြီးဟာဆိုရင် အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ရုရှားအင်ပါယားသည် Emperor Nicholas II နှင့်အတူ ပြိုလဲပြီးနောက် ၁၉၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမတော်လှန်ရေးအတွင်း အစိုးရဟောင်းအား ယာယီအစိုးရဖြင့်အစားထိုးခဲ့ကြပါတယ်။ အောက်တိုဘာလ ဒုတိယတော်လှန်ရေးမှာ‌ေတာ့ ယာယီအစိုးရအားဖယ်ရှာပြီး ဘော်ရှီဗစ် (ကွန်မြူနစ်အစိုးရ) ဖြင့်အစားထိုးခဲ့ကြပါတယ်။

၁.French Revolution

Photo Credit-Listly

ပြင်သစ်တော်လှန်ရေးသည် ၁၇၈၉ မှ ၁၇၉၉ ထိကြာမြင့်ခဲ့သည့် လူမူရေးနှင့် နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နပိုလီယံက ပြင်သစ်အင်ပါယာကိုချဲ့ထွင်တည်ထောင်ခြင်းဖြင့် တော်လှန်ရေးကို ပြီးမြောက်သည်အထိ တစ်စိတ်တစ်ပိုင်းဆက်လက်ထမ်းရွက်ခဲ့ပါတယ်။ ဘုရင်စနစ်ကိုဖြုတ်ချပြီး သမ္မတနိုင်ငံစနစ်ကိုတည်ထောင်ခဲ့သည့် တော်လှန်ရေးတွင် ဆိုးဝါးသည့် နိုင်ငံရေးဆိုင်ရာ ပရမ်းပတာအခြေအနေများကိုတွေ့ကြုံခဲ့ရပြီး နပိုလီယံလက်အောက်တွင် အာဏာရှင်စနစ်ဖြင့် ဇာတ်သိမ်းခဲ့ရပါတယ်။ ပြင်သစ်၏ တော်လှန်ရေးဆိုင်ရာမူသဘောတရားများသည် အရှေ့ဥရောပနိုင်ငံများ နှင့် အခြားဒေသများသို့တိုင် လျှင်မြန်စွာပြန့်နှံခဲ့ပါတယ်။ ပြင်သစ်တော်လှန်ရေးသည် လစ်ဘရယ် နှင့် အစွန်းရောက်အတွေးအခေါ်များကို နှိုးဆွပေးခဲ့ပြီး ခေတ်သစ်သမိုင်း၏လမ်းကြောင်းကို လေးနက်စွာပြောင်းလဲပေးခဲ့ကာ ဘုရင်အုပ်ချုပ်ရေးစနစ်ကို လုံး၀ဖြုတ်ချ၍ သမ္မတနိုင်ငံစနစ်နှင့် လစ်ဘရယ်ဒီမိုကရေစီစနစ်များဖြင့် အစားထိုးခြင်းကို အစပျိုးပေးခဲ့ခြင်းပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Linkly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။