စာဖတ်သူပရိတ်သတ်တွေအနေနဲ့ Pangolin ကောင်လေးတွေကို သိတဲ့သူရှိသလို မသိတဲ့သူလည်းရှိကြမှာပါ။ ဒါကြောင့် အရင်ဆုံး Pangolin ကောင်လေးတွေနဲ့ပတ်သတ်ပြီး အနည်းငယ်ပြောပြသွားပါမယ်။ Pangolin ကောင်လေးတွေဟာ နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပြီး ပုရွက်ဆိတ်လေးတွေကို စားတက်ကြပါတယ်။ သူတို့တွေဟာ နို့တိုက်သတ္တဝါအမျိုးအစားထဲမှာ တစ်ကိုယ်လုံးကို အကြေခွံတွေနဲ့အပြည့်အုပ်ထားတဲ့ တစ်ခုတည်းသော သတ္တဝါတွေဖြစ်ပါတယ်။
![](https://s9.kh1.co/b2/b25057ba409b9e9723302872fe3d9e487238f72a.jpg)
![](https://s9.kh1.co/39/39edaecdd4059812db7eb67607cbf11b2743fb47.jpg)
Pangolin တွေဟာ တောရိုင်းတိရစ္ဆာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာမှာသူတို့ကိုသူတို့ကာဖွယ်ဖို့ အကြေခွံတွေနဲ့ ဖုံအုပ်လို့ရပေမယ့် လူသားတွေရန်ကနေတော့ ကာကွယ်လို့မရခဲ့ပါဘူး။ ဒါကြောင့် သူတို့လေးတွေဟာ ကမ္ဘာပေါ်က နို့တိုက်သတ္တဝါတွေထဲမှာ တရားမ၀င်ကုန်ကူးခံရမှု အများဆုံးသတ္တဝါဖြစ်ပါတယ်။ Asia နိုင်ငံေတွမှာ တရားမ၀င် ကုန်ကူးခံရမှုအများဆုံးဖြစ်ပြီး နောက်ပိုင်းမှာတော့ Africa လည်း Pangolinေလးေတွကုိ တရားမ၀င် ခိုးကူးေရာင်း၀ယ်မှုတွေ မြင့်တက်လာပါတယ်။ အထူးသဖြင့် China နဲ့ Vietnam တို့မှာ Pangolin လေးတွေကို တရားမ၀င် ကုန်ကူးမှုေတွများပါတယ်။
![](https://s9.kh1.co/35/3517ac73ffd9b4b5b52e8f88da5040a85253a629.jpg)
ဒါေကြာင့်လည်း သူတို့လေးတွေအနေနဲ့ ကလေးမွေးတဲ့အခါ အခက်အခဲတွေကြားထဲမှာ မွေးဖွားရတာမို့ လူတိုင်းလည်း သူတို့ကလေးမွေးတာကို လွယ်လွယ်နဲ့မမြင်ဖူးကြပါဘူး။ ခုချိန်မှာတော့ သူတို့လေးတွေကို အစိုးရက ကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေလည်းရှိနေပါပြီ။ အောက်မှာဆိုရင်တော့ သူတို့လေးတွေ သားဖွားတဲ့ Videoကိုဖော်ပြထားပါတယ်။
![](https://s9.kh1.co/22/22b9922ee3876dea03151602c06795a3dd768f84.jpg)
![](https://s9.kh1.co/9e/9e4678dd7c0378243e4286ba0a352b8d4136a6ac.jpg)
သတင်းအရင်းမြစ်: Worldwildlife
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။