Blackpink အနေနဲ့ သင့်ဆိကို သူတို့ရဲ့ ၅နှစ်‌ေြမာက်အထိမ်းအမှတ်အဖြစ် '4+1 PROJECT' နဲ့အတူ ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဂီတလောကထဲမှာ အောင်မြင်မှုများစွာနဲ့ တည်ရှိခဲ့တဲ့ ၅ နှစ်တာကာလအတွက် အထိမ်းအမှတ်ပြုလုပ်ဖို့ Jennie, Rose, Lisa နဲ့ Jisoo တို့ဟာ ' Blackpink The Moive ' ကိုမကြာခင်မှာ ထွက်ရှိဖို့ရှိကြောင်း ကြေငြာခဲ့ပါတယ်။ ဒါဟာ Blink တွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို လက်ဆောင်တစ်ခုဆိုလဲမမှားပါဘူး။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

YG Entertainment အနေနဲ့ Blackpink ရဲ့ ၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် ' Blackpink The Moive' ဆိုတဲ့ Projectကို ပထမပိုင်းအနေနဲ့ ကြေငြာခဲ့ပြီး Augustမှာထွက်ရှိလာမှာဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ August 8 ရက်နေ့ဟာဆိုရင် Blackpinkရဲ့ ပထမဦးဆုံး ပွဲဦးထွက်တဲ့နေ့ပဲဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ သူတို့ရဲ့ Projectကို August 8 ရက်နေ့မှာ ထွက်ရှိမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဒီရုပ်ရ‌ှင်ကားကိုတော့ ကိုရီးယားနိုင်ငံအပြင် ကမ္ဘာတစ်၀ှမ်းရှိတဲ့ တခြား နိုင်ငံ၁၀၀မှာလဲ ပြသမှာဖြစ်ပါတယ်။ ရရှိထားတဲ့သတင်းအချက်အလက်တွေအရ ဒီကားလေးဟာ Blackpink အဖွဲ့ရဲ့ ၅ နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှတ်တ‌ရအခတ်‌အခဲတွေအပြင် အဖွဲ့၀င်တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ‌များနဲ့ လှပမှုတွေကို မီးမောင်းထိုးပြသသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ Blink တွေရဲ့အားပေးမှုတွေကိုလည်း ရုပ်ရှင်ထဲမှာတွေ့ရှိရမှာဖြစ်ပါတယ်။ Blackpink အနေနဲ့ ၂၀၂၀တုန်းကလည်း 'BLACKPINK: Light Up the Sky' ဆိုတဲ့ Documentary Film တစ်ခုကိုထွက်ရှိခဲ့ပါသေးတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သတင်းအရင်းမြစ်: Time Of India

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။