သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေသလို ပရဟိတ လုပ်ငန်းမှာလည်း အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုများကို ရရှိထားသူ ပဲဖြစ်ပါတယ်။လတ်တလော အခြေအနေတွေ မှာဆိုရင်လည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ သွား ရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကို တတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

Photo Credit- Khine Hnin Wai FB Account
Photo Credit- Khine Hnin Wai FB Account

ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကို ဖွင့်လှစ်ထားကာ လူမမယ်ကလေးငယ်တွေကို မေတ္တာ ဂရုဏာအပြည့်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ပဲဖြစ်ပါတယ်။ယခုလိုကာလမှာ အားလုံးခက်ခဲနေကြတာကြောင့် ကလေးမိခင်တွေ နို့မှုန့်များလိုအပ်ပါက မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး မဆို သူမရဲ့ ပို့စ်အောက်မှာ လာရောက်အလှူခံနိုင်ကြောင်း ကို ဝမ်းသာစွာ ပြောပြပေးထားတာ ဖြစ်ပါတယ်။

Photo Credit- Khine Hnin Wai FB Account
Photo Credit- Khine Hnin Wai FB Account

"ဝမ်းသာ စိတ်ချမ်းသာ စရာ သတင်းလေးပါရှင်. ခုလို ခက်ခဲနေကြတဲ့ ကာလ မှာ နို့ မှုန့် အခက်အခဲ ဖြစ်နေတဲ့ ကလေးတွေ အများကြီးရှိနေပါတယ်..ကျွန်မရဲ့ မိတ်ဆွေ "Nature One" နို့မှုန့် မှ နို့မှုန့် ဗူး (၅၀၀၀) ကို လှူဒါန်းပေးမည့် အကြောင်း ဖုန်းဆက် လာတဲ့ အတွက် အရမ်းဝမ်းသာရပါတယ်..ခက်ခဲ လိုအပ်နေကြတဲ့ မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး မဆို ကျွန်မရဲ့ ဒီ post လေးအောက်မှာ လာရောက် အလှုခံနိုင်ပါတယ်ရှင်..ဗူး အရေ အတွက် (၅၀၀၀) ကို တကယ် လိုအပ်နေသော သူများ ရရှိအောင် စီစစ် လှူဒါန်းပေးသွားပါမယ်.. ကျွန်မကို ကူညီ လှူဒါန်းပေးတဲ့ "Nature One" နို့မှုန့် ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..???"ဆိုပြီး ပရိသတ်တွေအားလုံးအတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။သူမရဲ့ ပို့စ်အောက်မှာ အလှူခံသူများ ပြောထားကြတာလည်း တွေ့ရပါတယ်။အခုလို အခက်အခဲ ဖြစ်နေသူတွေကို လှူဒါန်းတာကြောင့် ပရိသတ်တွေကလည်း သူမနဲ့ ထပ်တူ ကြည်နူးဝမ်းသာ နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit- Khine Hnin Wai FB Account
Photo Credit- Khine Hnin Wai FB Account

သတင်းအရင်းမြစ်: Khine Hnin Wai FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။