တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့သရုပ်ဆောင် ရာဇာနေဝင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဝတ်ပုံစားပုံတွေကို နှစ်သက်ကြတဲ့ ပရိသတ်များက လိုက်ဝတ်ခဲ့ရတဲ့အထိကို အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေ အရင်ကလောက် မလုပ်တော့ဘဲ အနားယူနေတာ ဖြစ်ပါတယ်။  

Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ အခိုင်အမာ ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်သွားအောင်တော့ သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်မှတစ်ဆင့် တင်ပေးနေတာ ဖြစ်ပါတယ်။ ရာဇာနေဝင်းကတော့ ကျန်းမာရေးအတွက် မနက်တိုင်း စက်ဘီးစီးလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်က ရာဇာနေဝင်းရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မနက်ပိုင်း စက်ဘီးစီးနေရင်း မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို ဗီဒီယိုရိုက်ပြီး ပြသထားတာ ဖြစ်ပါတယ်။ သူကတော့  ဒူးနဲ့တံတောင်ဆစ်တွင် သွေးထွက်သွားခဲ့တာဖြစ်ပြီး " အီစိမ့် " ဆိုပြီးတော့လည်း ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ရာဇာနေဝင်းရဲ့ ဒဏ်ရာများကို ကြည့်ရှုလို့ရအောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Koyarzar Nay Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။