ဗီဒီယို ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာပြီး ပရိသတ် တွေအားပေးထောက်ခံမှု ရရှိကာ ​အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သရုပ်ဆောင် နေဒွေးကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။နေဒွေးကတော့ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကနေ ပြည်သူတွေ ပရိသတ်တွေ နဲ့ အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

ယခုချိန်မှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားရပြီး လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo Crd - Nay Daway' FB account
Photo Crd - Nay Daway' FB account

မြန်မာနိုင်ငံ နေရာ အနှံ့မှာလည်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် အားလုံးဟာ ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်သူပြည်သား အချင်းချင်း တက်နိုင်တဲ့ ဘက်ကနေ လှူဒါန်း ဖို့ နေဒွေးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပြောပြလာတာပဲ ဖြစ်ပါတယ်။

"ဒီကာလမှာ အကုန်ခက်ခဲနေလို့

လက်ထဲရှိတာ ခြစ်ကုပ်ထားရမှာမှန်ပေမယ့်လည်း

၅၀၀ ၊ ၁၀၀၀ လောက်ကိုတော့ မနှမြောကြပါနဲ့ဗျာ

ဒီလောက် ပူပြင်းတဲ့ ရာသီမှာ

အပူဒဏ်ကိုအံတုပြီး

တစ်လမ်းဝင်တစ်လမ်းထွက်

ကိုယ့်မိဘအရွယ် အဘိုးအဘွားတွေ

ဈေးရောင်းနေတာတွေ့ရင်လည်း

၅၀၀ ၊ ၁၀၀၀ လောက် ပိုအားပေးခဲ့ပေးပါ

ကိုယ့်သားသမီးအရွယ် ကလေးငယ်လေးတွေ

ဈေးရောင်းနေတာတွေ့ရင်လည်း

၅၀၀ ၊ ၁၀၀၀ လောက် ပိုအားပေးခဲ့ပေးပါ

ကိုယ့်လောက် ကံမလှလို့

ခြေလက်မစုံ အကြောင်းမလှတဲ့သူလေးတွေ

ဈေးရောင်းနေတာတွေ့ရင်လည်း

၅၀၀ ၊ ၁၀၀၀ လောက် ပိုအားပေးခဲ့ပေးပါ...."

Photo Crd - Nay Daway' FB account
Photo Crd - Nay Daway' FB account

"လူကြီးမင်းတို့အတွက်

ဘာမှမပြောပလောက်တဲ့ ရာတန် အနုတ် ဆိုပေမယ့်

အဲ့ အနုတ်လေးက သူတို့အတွက် ထမင်းတစ်နပ်လည်း ဖြစ်နိုင်ပါတယ်

အများကြီးမလှူတန်းချင်ရင်တောင်

အနုတ် ကလေးတွေတော့ သုံးခဲ့ပေးပါခင်ဗျာ

ကိုယ့်အတွက် မလိုအပ်ရင်တောင်

ဝယ်ယူအားပေးကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်

ကျေးဇူးပါ ......."ဆိုပြီး ၅၀၀၊၁၀၀၀လောက်ကိုတော့ မနှမြောပဲ အားပေးကြဖို့ ပြောပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်........။

Photo Crd - Nay Daway' FB account
Photo Crd - Nay Daway' FB account

သတင်းအရင်းမြစ်: Nay Daway' FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။