ပရိသတ်ကြီးရေ.......မင်းသမီးချောလေးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်ဆောင်းယွန်းစံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီးလည်း လူငယ်တစ်ယောက်ပီပီ ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အင်တိုက်အားတိုက်ပါ၀င်လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။


ဆောင်းယွန်းစံဟာ အလှူအတန်းနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုအားတက်သရောနဲ့ လှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး အခုလက်ရှိကာလမှာဆိုရင်လည်း သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ ဈေးရောင်းပြီး ရရှိတဲ့အမြတ်အစွန်းတွေကို ထပ်မံလှူဒါန်းသွားမည့်အကြောင်းကိုလည်း တင်ပေးထားတာတွေ့ရပါတယ်.....။


အလှူအတန်းရက်ရောတဲ့ ဆောင်းယွန်းစံဟာ ယနေ့မှာလည်း ထိုင်းထီ ဘတ်(၄၀၀၀)ကံထူးခဲ့တဲ့အတွက် ၀မ်းသာပီတိဖြစ်ကာ လှူဒါန်းသွားမယ့်အကြောင်းကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ထိုင်းထီ ဘတ် ၄၀၀၀ ပေါက်တယ်..ရေး ရေး လှူမယ် လှူမယ်ဗျို့??..." ဆိုပြီး ရေးသားမျှဝေလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Saung Yoon San's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။