အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသလို ပရဟိတအလုပ်တွေကိုလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူကတော့ မင်းသားဝေဠုကျော်ပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ ပြည်သူတွေအတွက် ပရဟိတဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ စားဝတ်နေရေးအပြင် အစစအရာရာ ခက်ခဲနေကြသူတွေအတွက် ဖေးမကူညီမှုတွေနဲ့ လှူဒါန်းနေတာလည်း တွေ့ရပါတယ်..။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ဒီကနေ့မှာလည်း ဝေးလံခေါင်သီတဲ့တောင်ပေါ်ဒေသက စစ်ဘေးရှောင်တိုင်းရင်းသား ပြည်သူတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။
အေးချမ်းလွန်းလှတဲ့ တောင်ပေါ်ဒေသက စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်နေတဲ့ အနွေးထည်တွေ ပေးဝေလှူဒါန်းကာ ကုသိုလ်ပြုခဲ့တဲ့အကြောင်းတွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။


"10-5-2021
တိုက်ပွဲရှောင် တိုင်းရင်းသားများအတွက် အလှူ
ဝေဠုကျော်ဖောင်ဒေးရှင်းမှ အအေးပိုလှသည့် တောင်ပေါ်တိုက်ပွဲရှောင် တိုင်းရင်းသားများအတွက် အနွေးထည် ၂၂ထုပ်ကို ခရစ်ယာန်အဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှတဆင့် ကူညီထောက်ပံ့ပေးလိုက်ပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။
ဝေးလံခေါင်သီတဲ့ အရပ်ဒေသက အခက်အခဲတွေနဲ့ လိုအပ်နေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့အင်အားတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation 's Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။