ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် အမြဲဖေးမကူညီတတ်တာကတော့ ဝေဠုကျော်ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေကာ လှူဒါန်းမှုတွေကိုလည်း နေ့တိုင်းလိုလိုဆက်တိုက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

လိုအပ်နေသူတွေအတွက် ဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လှိုင်သာယာက ပြည်သူတွေအတွက် ဆန်ဆီ စားနပ်ရိက္ခာတွေ ပေးဝေဖို့ ထုတ်ပိုးပြင်ဆင်နေတဲ့အကြောင်းတွေနဲ့ လတ်တလောအခြေအနေတွေကို ပြောပြလာပါတယ်..။

အကြောင်းအမျိုးမျိုးကြောင့် အလှူတွေကျဲသွားတာတွေအပြင် ဆက်လက်လှူဒါန်းမယ့် မြို့နယ်တွေနဲ့ ခက်ခဲနေကြတဲ့ ပြည်သူတွေအကြောင်းကိုလည်း ပြောပြထားတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"8-5-2021

ဆန်ဆီ စားနပ်ရိက္ခာတွေ လှူပေးနေတုန်းပါ။

အဖွဲ့သားတွေ မအားလပ်တာရယ်၊ အလှူရှင်ကလည်း ပါးလာတာရယ်၊ မိုးမကျခင် အိမ်ပြုပြင်ဆောက်လုပ်ပေးနေတာတွေကြောင့် အလှူကျဲသွားတာပါ။

ဒီနေ့လည်း မနက်ဖြန် ကိုဝေဠု နဲ့  အဖွဲ့ကလူတွေ အားတာနဲ့ ထွက်လို့ရအောင် ကိုယ်တွေလည်း အိမ်အလုပ်တွေ မအားတဲ့ ကြားကပဲ တစ်ယောက်ထဲ ထုပ်ပိုးသင့်တာ ထုပ်ပိုးရပါတယ်။

ဒီတခါ လှိုင်သာယာပဲ ဆက်လှူပေးပါမယ်။

နောက်အပတ်တော့ ဒလက ထမင်းနပ်မှန်အောင် မစားရတဲ့ ချို့တဲ့အိမ်လေးတွေအတွက် အလှူခံထားတာ သွားလှူပေးပါမယ်။

ဒီအချိန်ကာလ စားသောက်ရေးအတွက် အလှူခံလာသူတွေ တော်တော်များပါတယ်။

တတ်နိုင်သလောက် လှူလာတာတော့ အိမ်ခြေ ၂၀၀၀ ကျော်လာပါပြီ။

ဒီလောက်ထိ လှူလာနိုင်အောင် လှူပေးကြတဲ့ အလှူရှင်များအား ကျေးဇူးတင်ရပါတယ်။

၃၀၀၀ ပြည့်အောင်လည်း ကြိုးစား လှူပေးရပါဦးမယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

လိုအပ်နေတဲ့သူတွေအတွက် ဖြည့်ဆည်းကူညီနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation's Fb Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။