ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဟဲဗီးဖြိုးကတော့ အနုပညာလောကမှာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။
သရုပ်ဆောင်ဟဲဗီးဖြိုးကတော့ မြန်မာ့နှစ်သစ်ကူးရက်မြတ်အခါသမယဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း ပြည်သူပရိသတ်တွေအားလုံးအတွက် နှစ်သစ်ဆုတောင်းစကားတွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုဆုတောင်းပေးလိုက်ပါတယ်..။
ကမ္ဘာသူကမ္ဘာသား မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ ၇ရက်သားသမီးပြည်သူပရိသတ်တွေ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာစေဖို့နဲ့ အန္တရာယ်ကင်းဘေးရှင်းစေဖို့အတွက် ဟဲဗီးဖြိုးက ဆုတောင်းမေတ္တာပေးပို့ထားတာပဲ ဖြစ်ပါတယ်..။
ဟဲဗီးဖြိုးကတော့ နှစ်ဆန်းတစ်ရက်နေ့ ရက်မြတ်အချိန်မှာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူရိသတ်တွေအားလုံးအတွက် ဆုတောင်းစကားဆိုလိုက်တာ ဖြစ်ပါတယ်..။
"?နှစ်ဆန်း၁ရက်နေ့?
ကမ္ဘာနိုင်ငံသူနိုင်ငံသားအားလုံး....
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး....
၇ရက်သားသမီးများအားလုံး ....စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ
ကပ်ရောဂါဘေးမှကင်းဝေးကြပါစေလို့ ..ဆုတောင်းလိုက်ပါတယ် ...???.." ဆိုပြီး ဆုတောင်းစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်..။
မြန်မာ့နှစ်သစ်ကူးအချိန်အခါ နှစ်ဆန်းတစ်ရက်နေ့မှာ မေတ္တာပို့ဆုတောင်းစကားတွေပြောထားတဲ့ ဟဲဗီးဖြိုးရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ပြန်လည်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Heavy Phyo's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။