သရုပ်ဆောင်  သာထက်ဉာဏ်ဇော်ကတော့  ရုပ်သံဇာတ်လမ်းတွဲတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့  အားပေးမှုကို ရရှိထားတာ  ဖြစ်ပါတယ်။  စိတ်ကောင်းစေတနာကောင်းရှိပြီး  လူတိုင်းအပေါ်မှာလည်း  ကူညီတတ်တဲ့  မင်းသားတစ်လက်ဖြစ်တာကြောင့်  အားလုံးက ချစ်ခင်နေကြတာပါ။     လတ်တလောမှာ  စားဝတ်နေရေးအဆင်မပြေတဲ့  ပြည်သူများအတွက်  သူကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာဖြင့်  လိုက်လံ လှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 

အကူအညီလိုတဲ့ နေရာများကိုလည်း  စုံစမ်းကာ  ချစ်ခင်ရတဲ့  သူငယ်ချင်းမိတ်ဆွေများနဲ့  ဝိုင်းဝန်းထောက်ပံ့ ပေးနေတာကို မြင်ရသည်မှာ ကြည်နူးစရာပါပဲနော်။ ဒီလို တတ်နိုင်တဲ့ ဘက်ကနေ  လှုပ်ရှားဆောင်ရွက်ပေးနေတဲ့  သာထက်ဉာဏ်ဇော်ကတော့  မကြာသေးခင်  နာရီပိုင်းလောက်က  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  နေ့ရက်တိုင်းစိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရပေမယ့်လည်း ခံန်ုင်ရည်ရှိဖို့ လိုအပ်ကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ 

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 

" ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ ခေါင်းဆောင်လည်း တိုက်ခိုက်ခံရပြီး အဖမ်းခံရတယ် ?

ပြည်သူတွေချစ်တဲ့ အဆိုတော် ဝါရင့်သရုပ်ဆောင်ကြီးလည်းပါသွားတယ် ? ?

တစ်နေ့တစ်နေ့ ဖြတ်သန်းရတာ ဘယ်သူများပါသွားဦးမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရတယ် 

ဒီရက်တွေမှာ အားကြိုးမာန်တက်ထွက်တဲ့ သပိတ်စစ်ကြောင်းတွေလည်း ဖြိုခွဲခံရ အသက်လုပြေးရနဲ့ဗျာ 

Democracy ဘက်ကရဲရဲတောက်ခံကြသော 

ကျွန်တော်တို့ ‌တွေ ခံနိုင်ရည်ရှိနေဖို့လိုအပ်ပါတယ် 

ရှိသမျှအားနဲ့လည်း ညာဏ်သုံးပြီး ရှေ့ဆက်ရင်ဆိုင်မှာပါ အားလုံးအားတင်းထားပါ 

ကျွန်တော်တို့တွေ နိုင်ကိုနိုင်ရမည် 

                " အရေးတော်ပုံအောင်ရမည် " 

#FOR_DEMOCRACY

#THNZLOVERS " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thar Htet Nyan Zaw’s Facebook Account 

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။