အဆိုတော်  ပိုပိုကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ  တစ်ဦး ဖြစ်ပါတယ်။  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးနေသူဖြစ်တာကြောင့်  သူမရဲ့ ပရိသတ်တွေ အားလုံးက  ဂုဏ်ယူနေကြတာပါ။  ပိုပိုတစ်ယောက်  လတ်တလောမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  တိမ်းရှောင်နေရတာပဲ  ဖြစ်ပါတယ်။

Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s Facebook Account 

လက်ရှိမှာတော့  လုံခြုံစိတ်ချရတဲ့ နေရာမှာ ရှိနေပြီး ပရိသတ်တွေ  စိတ်မပူစေဖို့ သူမရဲ့ လှုပ်ရှားမှုတွေကို ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် လိုင်းရတဲ့ အချိန်များမှာလည်း  ပိုပိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  Speak Out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ပိုပိုရဲ့ Facebook Story မှာ ဗီဒီယိုဖိုင်တစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Po Po’s Facebook Account 
Photo Crd-Po Po’s IG Account

ဒါကတော့  တစ်နေကုန် မိုးလင်းမိုးချုပ် တရားများနာယူကာ မြန်မာပြည်ကြီးငြိမ်းချမ်းစေဖို့  အမြဲဆုတောင်းပေးနေတဲ့ ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သူမကလည်း " မနက်မိုးလင်း မိုးချုပ် တရားတွေဖွင့်  လိုက်ကာတွေပိတ်  အခန်းအောင်း ပါလာတဲ့ အဝတ်အစား (၄) စုံကိုပဲ လဲလှယ်ဝတ်၊ ဘုရားရှိခိုး " ဆုတောင်း ဆိုပြီး သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။  စိတ်ပူနေကြတဲ့  ပရိသတ်တွေအတွက် ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Po Po’s Facebook and IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။