ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ အရေးတော်ပုံကာလမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ သူတစ်ယောက်ပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူမရဲ့ ချွေးနည်းစာထဲကနေ စေတနာသဒ္ဓါတရားထက်သန်စွာ ပေးကမ်းလှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။


ဒါ့အပြင်လည်း ပရိသတ်ပြည်သူတွေ သိရှိစေဖို့အတွက် လက်ရှိအခြေအနေနဲ့ သတိစကားလေးတွေကို သူမရဲ့ Facebook Account ထက်မှာ ရေးသားဝေမျှလေ့ရှိတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အေးသီတာက အရေးတော်ပုံအောင်မြင်ဖို့အတွက် ပြည်သူတွေကို " သတိတစ်ခုပေးပါရစေ ဆရာတော်သံဃာတော်တွေကို ဘာအကြောင်းကြောင့်နဲ့မှ မစော်ကားမိပါစေနဲ့ စိတ်နှုတ်ကိုယ် လုံပါစေ အရာရာဟာကိုယ်မသိနိုင်တဲ့အကြောင်းအကျိုးတွေရှိတယ်နော်.....


ကိုယ်မသိနိုင်တဲ့သီလနဲ့သမာဓိတွေရှိတယ် ကိုယ့် ဉာဏ်လေးတစ်ထွာနဲ့ သွားပစ်မှားနေရင် ကံကြီးထိုက်ပါမယ် ဆင်ခြင်စေလိုပါတယ် အားလုံးအတွက် စေတနာနဲ့သူများဟာကို copy လုပ်ပေးတာပါ မကိုးကွယ်ရင်နေပါ မစော်ကားကြစေလိုပါ အောင်မြင်မူတွေပိတ်ကုန်မှာစိုးတယ် " ဆိုပြီး ရေးသားကာ ဝေမျှလာခဲ့တာပါ။ သံဃာတော်တွေကို စော်ကားပစ်မှားမိရင် ကံကြီးထိုက်ပြီး အောင်မြင်မှုတွေ ရပ်တန့်သွားမှာစိုးလို့ သတိပေးကာ ပြောပြလာတဲ့ အေးသီတာရဲ့ စာသားတွေကို ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Source & Photo credit - Aye Thida's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။