စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့  တိုင်းရင်းသူလေးကတော့  သရုပ်ဆောင်  မင်းသမီး နော်ဖောအယ်ထားပဲ  ဖြစ်ပါတယ်။  သူမကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  ကျရာအခန်းကဏ္ဍကနေ  အားကြိုးမာန်တက်ပါဝင်ပေးနေတဲ့  အနုပညာရှင်များစွာထဲက  တစ်ဦးဖြစ်တာကြောင့်  ပရိသတ်တွေက  ပိုပြီးချီးကျူးနေကြတာပါ။

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 

ကိုယ်တိုင်အပင်ပန်းခံကာ  လူထုလှုပ်ရှားမှုတွင်  ပါဝင်နေရုံတင်မကဘဲ  ကျဆုံးသွားတဲ့  သူရဲကောင်းတွေရဲ့ကျန်ရစ်ခဲ့တဲ့  မိသားစုဝင်များထံသို့  ကိုယ်တိုင်သွားရောက်ပြီး  အလှူငွေတွေလည်း  လှူဒါန်းခဲ့တာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  အချိန်နဲ့အမျှ  အရေးကြီးတဲ့သတင်းအချက်အလက်တွေအား  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ညပိုင်းတွင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြုလုပ်ပေးတဲ့ ဆုတောင်းပွဲတွေမှာလည်း  ဇွဲမလျော့ဘဲ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  နော်ဖော်ရဲ့ Facebook Page တွင်  အားလုံးပါဝင်နေကြတဲ့ အသံတိတ်သပိတ်မှာ ပြည်သူတစ်ဦးအနေနဲ့ အားဖြည့်ပူးပေါင်းနေတဲ့ ပုံရိပ်တွေကို  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။  သူမကလည်း " အသံတိတ်သပိတ် 

SILENT STRIKE ❗️

၂၄/၃/၂၀၂၁

#March24Coup

#SilentStrike

#WhatsHappeningInMyanmar " ဆိုပြီး ရေးသားကာ ဝေမျှပေးထားတာကြောင့်  ပရိသတ်တွေလည်း  သိရှိနိုင်စေရန်အတွက်  ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Naw Phaw Eh Htar’s Facebook Page 

Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 
Photo Crd-Naw Phaw Eh Htar’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။