အလှူအတန်းဆို လက်မနှေးတတ်တဲ့ ရေဗက္ကာဝင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေမှာ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို စားသောက်ဖွယ်ရာတွေလှူဒါန်းနေခဲ့ပါတယ်။
သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့ပြီး တရားမျှတမှုအတွက် တောင်းဆိုနေတာဖြစ်ပါတယ်။


အရင်ကထက် ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေမှာတော့ ရေဗက္ကာဝင်းက သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့် ကူညီပေးနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ချွေးနည်းစာထဲကနေ မကြာခဏလှူဒါန်းမူတွေပြုလုပ်လျက်ရှိပါတယ်။ သူမရဲ့အိမ်မှာကိုယ်တိုင်ကိုယ်ကျချက်ပြုတ်ပြီးသေချာထုတ်ပိုးကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူတွေကို မတ်လ ၁၇ ရက် ဒီကနေ့မှာ သွားရောက်လှူဒါန်းခဲ့တာပါ ။



ရေဗက္ကာဝင်းက " ဒီနေ့အတွက် ကုသိုလ်ဖြစ် ကြာဇံကြော် ပွဲ ၁၀၀ လှူဒါန်းပါတယ်ရှင် " ဆိုတဲ့ စာသားနဲ့ ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်ထက်မှာ ရေးသားဝေမျှလာခဲ့ပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ ရေဗက္ကာဝင်းရဲ့ အလှူပြုပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။



သတင်းအရင်းမြစ်: Source - Rebecca Win's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။