သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်းတက်တက်ကြွကြွပါဝင်ရင်း အလှူအတန်းတွေပါလုပ်ဆောင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က စားစရာတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး ပြည်သူတွေအဟာရပြည့်ဖို့အတွက် လှူဒါန်းပေးနေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုကတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး နေ့စဉ်ရက်ဆက် မမောမပန်းနိုင်ဘဲ လမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။


လင်းဇာနည်ဇော်တို့ အနုပညာရှင်အသိုင်းအဝိုင်းက ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပြီး တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတာဖြစ်ပါတယ်။အခုလိုမျိုး အနုပညာရှင်တွေက ထိပ်ဆုံးကနေ တက်တက်ကြွကြွပါဝင်နေတာဖြစ်လို့သူတို့ရဲ့လုံခြုံရေးကိုလည်း အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ဦးကျော်သူတို့ဇနီးမောင်နှံကလည်း သူတို့ရဲ့လုံခြုံရေးအတွက် ခဏရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ဦးကျော်သူအတွက် တပ်ညီလက်ညီနဲ့ တတ်နိုင်သလောက်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။



ချစ်ချစ်ဇော်ကတော့ သူမစံထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကို ဘေးအန္တရာယ်ကင်းဖို့အတွက်ဆုတောင်းပေးနေတာဖြစ်ပါတယ်။ဦးကျော်သူတို့ဇနီးမောင်နှံကလည်း လူသားအကျိုးပြုနေကြတဲ့ မေတ္တာရှင်၊စေတနာရှင်တွေဖြစ်ကြလို့ အခုလိုသူတို့ အန္တရာယ်နဲ့ကြုံနေရတဲ့အချိန်မှာလည်း ပြည်သူတွေက ပြန်လည်ကူညီကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ ပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး ဖြစ်လာသမျှအခြေအနေကို စည်းစည်းလုံးလုံးနဲ့ဖြေရှင်းနေကြတာဖြစ်ပါတယ်။


Source&Photo Credit:Chit Chit Zaw’s Facebook Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။