ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ဂီတလမ်းကြောင်းပေါ် မှာလျှောက်လှမ်းနေတဲ့ မေခလာကတော့လက်ရှိအခြေအနေတွေမှာလည်း တစ်ဘက်တည်းကို ပြတ်ပြတ်သားသားရပ်တည်နေတာဖြစ်ပါတယ်။မေခလာကဂီတလောကမှာရှိတဲ့အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အမှန်တရားအတွက်ကြွေးကြော်နေတာပဲဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ ပြည်သူတိုင်းက တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာဖြစ်လို့အချင်းချင်းစည်းလုံးကြကာ အပြန်အလှန်ရိုင်းပင်းကူညီကြတာဖြစ်ပါတယ်။



လူငယ်တွေကလည်း မိမိတို့ရဲ့အနာဂတ်အတွက် တက်တက်ကြွကြွလှုပ်ရှားနေကြတာဖြစ်လို့ နေ့စဉ်ရက်ဆက်လမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင် ဒီအဖြစ်အပျက်ကြီးက တစ်လကြာသွားပြီဖြစ်ပေမယ့် ဘယ်သူမှလက်မလျော့ကြသေးဘဲ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်ကြရင်းအသက်ပေးသွားရတဲ့ပြည်သူတချို့အတွက်လည်း စေတနာရှင်တွေကတော့ ကျန်ရစ်သူမိသားစုဝင်တွေကိုတတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။မေခလာတို့ဇနီးမောင်နှံကလည်း Las Vegasမောင်နှမတွေနဲ့အတူ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီသွားပြီး အလှူငွေတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။




မေခလာတို့ကတော့ မြောက်ဥက္ကလာမှာ နေထိုင်ကြတဲ့ မောင်ထက်အောင်(အသက်၁၇နှစ်)နဲ့ မောင်မင်းဦး(အသက်၂၁နှစ်)တို့ရဲ့ မိသားစုဝင်တွေဆီ သွားပြီး တစ်ဦးကို(၃)သိန်းကျပ်ဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။မေခလာကလည်း ကျန်ရစ်သူမိသားစုတွေကို အားပေးစကားလေးတွေပြောပြီး နှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။မေခလာတို့အပြင် အနုပညာရှင်တော်တော်များများကပါ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေကြီးကို ပြည်သူတွေက မထင်မှတ်ဘဲကြုံတွေ့လာခဲ့ရပေမယ့် ရဲရဲရင့်ရင့်ရင်ဆိုင်ကြပြီး အကောင်းဆုံးအခြေအနေဖြစ်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။



Source&Photo Credit:May Khalar’s Facebook Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။